မြန်မာနိုင်ငံတွင် မကြာမီကာလအတွင်း ဒေဝူးဘတ်စ်ကားများ ထုတ်လုပ်ဖြန့်ချိသွားနိုင်တော့မည်
ဖြစ်ကြောင်း ဒေဝူးဘတ်စ်ကားများ မြန်မာနိုင်ငံသို့ တစ်ဦးတည်းကိုယ်စားလှယ်အဖြစ်
တင်သွင်းဖြန့်ချိနေသော ကုမ္ပဏီတာဝန်ရှိသူတစ်ဦးကပြောကြားခဲ့သည်ကို ကိုးကားကာ
ပြန်ကြားရေးဝန်ကြီးဌာန၏ လူမှုကွန်ရက်စာမျက်နှာတွင် သြဂုတ်လ ၃ ရက်နေ့က
ဖော်ပြထားသည်။
မြန်မာနိုင်ငံတွင် ဒေဝူးဘတ်စ်ကားတွေ ထုတ်လုပ်ဖြန့်ချိသွားနိုင်တော့မည်ဖြစ်ကြောင်း၊
အဓိကရည်ရွယ်ချက်မှာ မြန်မာနိုင်ငံတွင် လိုအပ်နေသော အများပြည်သူသုံးဘတ်စ်ကားများ၊
ကျောင်းသားကျောင်းသူများ လုံခြုံသက်သာ၊ အဆင့်အတန်းမြင့်စွာ အသုံးပြုနိုင်မည့် ကျောင်းကြို/
ပို့ယာဉ်များကို ဈေးနှုန်းသက်သာစွာဖြန့်ဖြူးပေးရန် ဖြစ်ကြောင်း Myanmar Coach Center Co; Ltd မှ
မန်နေးဂျင်း ဒါရိုက်တာ ဒေါက်တာကျော်ကျော်အောင်က အဆိုပါကုမ္ပဏီက တင်သွင်းသော
ဒေဝူးဘတ်စ်ကား ၁၅ စီးအား ရန်ကုန်အများနှင့်သက်ဆိုင်သော ကုမ္ပဏီလီမိတက်သို့
လွှဲပြောင်းပေးအပ်သော အခမ်းအနား၌ ပြောကြားခဲ့သည်။
- MOI Webportal Myanmar










