ပုဂံဒေသအား ကမ္ဘာ့ယဉ်ကျေးမှုအမွေအနှစ်ဒေသအဖြစ် ဝင်ရောက်နိုင်ရေး ဆောင်ရွက်ရာတွင်
ဒေသတွင်း သတ်မှတ်ထားသည့် ဇုန်အသီးသီးတွင် နေထိုင်ကြသည့် ပြည်သူများအနေဖြင့် မည်သည့် ပြောင်း ရွှေ့မှုမျှလုပ်ဆောင်ရမည်မဟုတ်သဖြင့် စိုးရိမ်စရာမလိုကြောင်း ပြန်ကြားရေး
၀န်ကြီး ဌာန၏ လူမှုကွန်ရက်စာမျက်နှာတွင် သြဂုတ်လ ၄ ရက်နေ့က ဖော်ပြထားသည်။
ယဉ်ကျေးမှုဇုန်၊ ကာကွယ်ထိန်းသိမ်းရေးဇုန်များအဖြစ် သတ်မှတ်ထားသည့် နေရာများတွင်
ညောင်ဦးမြို့နှင့် ရွာပေါင်း ၂ဝ ပါဝင်နေပြီး အဆိုပါနေရာများတွင် နေထိုင် ကြသည့် ပြည်သူများ
မည်သည့် နေရာမျှ ပြောင်းရွှေ့ရန် မလိုအပ်ကြောင်း၊ သတ်မှတ်ဇုန်များအတွင်း ဆောက်လုပ်
နေသည့် ဟိုတယ် ၄၂ လုံးတွင် ဆောက်လက်စ ဟိုတယ်များကို အထပ်အမြင့်ကန့်သတ်ချက်များနှင့်
ဆက်လက် ဆောက်လုပ် ခွင့်ပြုသွားမည်ဖြစ်ပြီး လုံးဝဆောက်လုပ်ခြင်း မရှိသေးသည့် ဟိုတယ်များကို
ဆက်လက်လုပ်ကိုင်ခွင့် တားမြစ်သွားမည်ဖြစ်ကြောင်း ပုဂံဒေသကို ကမ္ဘာ့ယဉ်ကျေးမှု အမွေအနှစ်စာရင်း တင်သွင်းနိုင်ရေး ဆွေးနွေးပွဲတွင် သာသနာ ရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး
သူရ ဦးအောင်ကိုက ပြောကြားခဲ့သည်။










