တရုတ်နိုင်ငံတောင်ပိုင်း ဟူနန်ပြည်နယ်တွင် သည်းထိတ်ရင်ဖိုဖြစ်ဖွယ်ရာ ဖန်သားဖြင့် ပြုလုပ်ထားသည့် ကောင်းကင် လျှောက်လမ်းသစ်တစ်ခုကို တီယန်မင်
တောင်ကမ်းပါးယံ၌ တည်ဆောက်ပြီးစီးခဲ့၍ စတင်ဖွင့်လှစ်ခဲ့ကြောင်း ဘီဘီစီသတင်း
တစ်ရပ်တွင် သြဂုတ်လ ၃ ရက်နေ့က ဖော်ပြထားသည်။
အရှည်မီတာ ၁ဝဝ (၃၂၈ပေ) နှင့် မြေပြင်မှ အမြင့်ပေ ၄၆ဝဝ (၁၄ဝ၂ မီတာ) ရှိ ပျော့ပျောင်းသည့်
ဟန်အနေအထားရှိသော Coiling Dragon Cliff ဖန်သားလျှောက်လမ်းကို ကျန်ကျာကျီ အမျိုးသား
သစ်တောဥယျာဉ်ရှိရာ ဟူနန်ပြည်နယ်အတွင်း ဆောက်လုပ်ခဲ့ခြင်းဖြစ်ပြီး ကမ္ဘာလှည့်ခရီးသွားများ
လည်ပတ်ရန် ရည်ရွယ်ကာ သြဂုတ်လ ၁ ရက်နေ့က ဖွင့်လှစ်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
ကမ္ဘာလှည့်ခရီးသွားများသည် ဖန်သားလျှောက်လမ်းပေါ်မှ နေ၍ ဟူနန်ပြည်နယ်အတွင်းရှိ
ကျေးလက်ဒေသနှင့် သဘာဝ တောတောင်အလှကို ရှုမြင်ခံစားနိုင်မည်ဟု သိရသည်။










