သက်တမ်း နှစ် ၄၅ဝ ခန့်ရှိ မြန်မာ့အကြီးဆုံးကျွန်းပင်ကြီးအား ထိန်းသိမ်းစောင့်ရှောက်လျက်ရှိ

သက်တမ်း နှစ် ၄၅ဝ ခန့်ရှိ မြန်မာ့အကြီးဆုံးကျွန်းပင်ကြီးအား ထိန်းသိမ်းစောင့်ရှောက်လျက်ရှိ

မြန်မာနိုင်ငံရှိ ကျွန်းပင်များအနက် အကြီးဆုံးကျွန်းပင်ကြီး ကို စစ်ကိုင်းတိုင်းဒေသကြီး
ကသာခရိုင် ဗန်းမောက်မြို့နယ် နန့်ကျင်ကြိုးဝိုင်း၌ ၁၉၉၇ ခုနှစ်တွင် ဗန်းမောက်သစ်တော ဦးစီးဌာနမှ တောအုပ်ကြီးဦးခင်မောင်မြင့်နှင့် တောအုပ် ဦးဝင်းမြင့်ထူးတို့က စတင်တွေ့ရှိခဲ့ကြောင်း
ပြန်ကြားရေး ၀န်ကြီးဌာန၏ လူမှုကွန်ရက်စာမျက်နှာတွင် သြဂုတ်လ ၄ ရက်နေ့က ဖော်ပြထားသည်။

ကျွန်းပင်ကြီး၏ လုံးပတ်မှာ ၂၆ ပေ ၈ လက်မရှိနေပြီး ခန့်မှန်း အမြင့်ပေမှာ ၁၂ဝ ရှိကြောင်း
သစ်တော ဦးစီးဌာနက ပြောကြား ခဲ့သည်။

အဆိုပါ မြန်မာ့အကြီးဆုံးကျွန်းပင်ကြီးသည်စစ်ကိုင်းတိုင်းဒေသကြီး ဗန်းမောက်မြို့နှင့် ၅၄ မိုင်အကွာ
နန့်ကျင်ကြိုးဝိုင်း အကွက် အမှတ်(၆ဝ)တွင် ယနေ့အချိန်ထိ တည်ရှိနေပြီး ခန့်မှန်းသက်တမ်း
နှစ် ၄၅ဝ ခန့်ရှိကြောင်းသိရသည်။