လာအိုနိုင်ငံသမ္မတ မစ္စတာဘွန်ညံဗိုရာချစ်နှင့် ဇနီးနေပြည်တော်သို့ ရောက်ရှိ

လာအိုနိုင်ငံသမ္မတ မစ္စတာဘွန်ညံဗိုရာချစ်နှင့် ဇနီးနေပြည်တော်သို့ ရောက်ရှိ

 

နိုင်ငံတော်သမ္မတ ဦးထင်ကျော်နှင့် ဇနီး ဒေါ်စုစုလွင်တို့၏ ဖိတ်ကြားချက်အရ
လာအိုပြည်သူ့ ဒီမိုကရက်တစ်သမ္မတနိုင်ငံသမ္မတ မစ္စတာဘွန်ညံဗိုရာချစ်နှင့် ဇနီးမစ္စစ်
ခမ်မွမ်းဂ်ဗိုရာချစ်တို့ ဦးဆောင်သော ချစ်ကြည်ရေး ကိုယ်စားလှယ်အဖွဲ့သည်
သြဂုတ်လ ၅ရက်နေ့တွင် နေပြည်တော်သို့ အထူးလေယာဉ်ဖြင့် ရောက်ရှိကြသည်။

ဧည့်သည်တော် လာအိုနိုင်ငံသမ္မတနှင့် ဇနီးတို့အဖွဲ့အားပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စု
၀န်ကြီးဒေါက်တာဖေမြင့်နှင့် ဇနီးဒေါ်ခိုင်နွယ်ဦး၊ ပို့ဆောင်ရေးနှင့်
ဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသန့်စင်မောင်နှင့် ဇနီးဒေါက်တာ
ခင်သန်းအေး၊ နိုင်ငံခြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးကျော်တင်နှင့် တာဝန်ရှိသူများက
နေပြည်တော်အပြည်ပြည်ဆိုင်ရာလေဆိပ်၌ ကြိုဆိုနှုတ်ဆက်ကြသည်။

- MOI Webportal Myanmar