ပြန်ကြားရေးဝန်ကြီးဌာန၏ ပံ့ပိုးကူညီမှုဖြင့် ၆ ကြိမ်မြောက် ၀ဿန်ရုပ်ရှင်ပွဲတော်ကို စက်တင်ဘာလ
၇ ရက်မှ ၁၁ ရက်နေ့အထိ ရန်ကုန်မြို့ရှိ ၀ဇီရာရုပ်ရှင်ရုံ၌ ကျင်းပသွားမည်ဖြစ်ကြောင်း ပြန်ကြားရေး
၀န်ကြီးဌာန၏ လူမှုကွန်ရက်စာမျက်နှာတွင် သြဂုတ်လ ၉ ရက်နေ့က ဖော်ပြထားသည်။
အဆိုပါ ၆ ကြိမ်မြောက် ၀ဿန်ရုပ်ရှင်ပွဲတော်တွင် ပြည်တွင်း ပြိုင်ပွဲဝင်ဇာတ်လမ်းတို
ရုပ်ရှင်ကား ရ ကား၊ မှတ်တမ်းတင်ရုပ်ရှင် ရ ကား၊ နည်းပညာဇာတ်ကား Animation ၁ ကား၊
စုစုပေါင်း ၁၅ ကားနှင့် အရှေ့တောင်အာရှ မှတ်တမ်းရုပ်ရှင်ပြိုင်ပွဲအတွက် မြန်မာနိုင်ငံမှ မှတ်တမ်းရုပ်ရှင်
၅ ကား၊ အရှေ့တောင်အာရှနိုင်ငံများမှ ၄ ကား၊ စုစုပေါင်း ၉ ကား တို့ကို ပြသရန် ရွေးချယ်ထားပြီး
ဖြစ်ကြောင်း သိရသည်။
အဆိုပါပွဲတော်နှင့် ပတ်သက်၍ အသေးစိတ်သိရှိလိုပါက www.facebook.com/wathannfilmfest
နှင့် website www.wathannfilmfestival.com တို့တွင် ၀င်ရောက်ကြည့်ရှုနိုင်ကြောင်း
ဖော်ပြထားသည်။









