မြန်မာ့ရေပိုင်နက်အတွင်း ငါးသုတေသနပြုလုပ်မည်

မြန်မာ့ရေပိုင်နက်အတွင်း ငါးသုတေသနပြုလုပ်မည်

 

ယခုနှစ် နို်ဝင်ဘာနှင့် ဒီဇင်ဘာလများတွင် မြန်မာ့ရေပိုင်နက်အတွင်း ငါးမျိုးစိတ်သုတေသန
ပြုလုပ်သွားမည်ဖြစ်ကြောင်းနိုင်ငံပိုင်မီဒီယာများက သြဂုတ်လ ၉ ရက်နေ့တွင် ထုတ်ပြန်ခဲ့သည်ကို
ကိုးကားကာ ဆင်ဟွာသတင်းတစ်ရပ်တွင် သြဂုတ်လ ၁၀ ရက်နေ့က ဖော်ပြထားသည်။

မျိုးသုဉ်းမည့် အန္တရာယ်ရှိနေသော ငါးမျိုးစိတ်များကို စာရင်းကောက်ယူရန်နှင့် ငါးမျိုးရင်းများ
လျော့နည်းလာမှုကို တိုက်ဖျက်ရန်အတွက် နော်ဝေနိုင်ငံမှ သုတေသနသင်္ဘော၏ အကူအညီဖြင့်
အာဏာပိုင်များက သုတေသနလုပ်ဆောင်ကြမည်ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး
ငါးလုုပ်ငန်းဦးစီးဌာနမှ ဌာနမှူး ဦးထွန်းဝင်းမြင့်၏ ပြောကြားချက်အရ သိရသည်။

၂၀၁၃ ခုနှစ်၊ နိုဝင်ဘာလကလည်း နော်ဝေအစိုးရ၏ အကူအညီဖြင့်ဧရာဝတီ၊ ရခိုင်နှင့် တနင်္သာရီ
ကမ်းရိုးတန်းဒေသများတွင် အလားတူစစ်တမ်းမျိုးကို လုပ်ဆောင်ခဲ့ဖူးပြီး စစ်တမ်းအရ မြန်မာနိုင်ငံရှိ
ငါးမျိုးရင်းများမှာ ၁၉၇၉-၈၀ ပြည့်နှစ်များနှင့် နှိုင်းစာသော် ၄၃ ရာခိုင်နှုန်းလျော့နည်းသွားကြောင်း
တွေ့ရှိခဲ့ရသည်။

မြန်မာနိုင်ငံတွင် နှစ်စဉ်ရေငန်ငါးဖမ်းလုပ်ငန်းမှ ငါးတန်ချိန် တစ်သိန်းကိုသာ ဖမ်းဆီးခဲ့ကြောင်း
၁၉၇၉ ခုနှစ်နှင့် ၂၀၁၅ ခုနှစ်အကြား လုပ်ဆောင်ခဲ့သော သုတေသနအပေါ် အခြေခံကာ
ကမ္ဘာ့စားနပ်ရိက္ခာနှင့် စိုက်ပျိုးရေးအဖွဲ့က ပြောကြားခဲ့သည်။

- Xinhua