၂၀၁၆ ခုနှစ် တက္ကသိုလ်ဝင် စာမေးပွဲအောင်မြင်သူများ တက္ကသိုလ်ဝင်ခွင့် လျှောက်ထားရန် ကြေညာ

၂၀၁၆ ခုနှစ် တက္ကသိုလ်ဝင် စာမေးပွဲအောင်မြင်သူများ တက္ကသိုလ်ဝင်ခွင့် လျှောက်ထားရန် ကြေညာ

၂၀၁၆ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ အောင်မြင်သူများသည် တက္ကသိုလ်ဝင်ခွင့် လျှောက်ထားနိုင်ရန်
မိမိတို့ စာမေးပွဲဖြေဆိုခဲ့သော စာစစ်ဌာနကြီးကြပ်ရေးမှူးများ (အခြေခံပညာအထက်တန်း
ကျောင်းအုပ်ကြီးများ) ထံတွင် အမှတ်စာရင်း၊ အရည်အချင်း မှတ်တမ်းချုပ် ရမှတ်အဆင့်၊
တက္ကသိုလ်ဝင်ခွင့် လမ်းညွှန်စာအုပ်နှင့် တက္ကသိုလ်ဝင်ခွင့် လျှောက်ထားရမည့် ပုံစံအိတ်ကို
ဩဂုတ်လ ၁၇ ရက် (ဗုဒ္ဓဟူးနေ့) မှစ၍ ကိုယ်တိုင်ထုတ်ယူကြရမည်ဖြစ်ကြောင်း
ပြန်ကြားရေးဝန်ကြီးဌာန၏ လူမှုကွန်ရက်စာမျက်နှာတွင် သြဂုတ် လ ၁၁ ရက်နေ့က
ဖော်ပြထားသည်။

အဆိုပါ တက္ကသိုလ်ဝင်ခွင့်လျှောက်လွှာများကို အဆင့်မြင့်ပညာ ဦးစီးဌာန (ရန်ကုန်ရုံးခွဲ) သို့
ဩဂုတ်လ ၁၈ ရက်မှ ၃၁ ရက်အထိ စနေ၊ တနင်္ဂနွေ ရုံးပိတ်ရက်များအပါအဝင် (ပိတ်ရက်မရှိ)
လျှောက်ထားနိုင်ကြောင်း၊ အသေးစိတ်ကို ရန်ကုန်မြို့၊ ကမာရွတ်မြို့နယ်၊ သထုံလမ်းရှိ
အဆင့်မြင့်ပညာဦးစီးဌာန (ရန်ကုန်ရုံးခွဲ) ဖုန်း-၅၃၇ ၆၇၇ နှင့် ၅၂၅၆၁၂ တို့သို့
ဆက်သွယ်စုံစမ်းနိုင်ကြောင်း သိရှိရသည်။