ရန်ကုန်ပြည်သူ့ဆေးရုံကြီး ပြင်ပလူနာဌာနသို့ လာရောက် ပြသသူ များပြားလာ

ရန်ကုန်ပြည်သူ့ဆေးရုံကြီး ပြင်ပလူနာဌာနသို့ လာရောက် ပြသသူ များပြားလာ

ရန်ကုန်ပြည်သူ့ဆေးရုံကြီး ပြင်ပလူနာဌာနသို့ လာရောက် စစ်ဆေးပြသမှုများမှာ တိုးပွားလာလျက်
ရှိကြောင်း ဒုတိယလက်ထောက် ဆေးရုံအုပ်ကြီး၏ ပြောကြားချက်ကို ကိုးကားကာ ပြန်ကြားရေး
၀န်ကြီးဌာန၏ လူမှုကွန်ရက်စာမျက်နှာတွင် သြဂုတ်လ ၁၁ ရက်နေ့က ဖော်ပြထားသည်။

ရန်ကုန်ဆေးရုံကြီး ပြင်ပလူနာဌာနသို့ လူနာပေါင်း ရ၀၀ ခန့် နေ့စဉ် လာရောက်ပြသလျက်ရှိကြောင်း၊
လူနာများကို နွေးထွေးပျူငှာစွာ ဆက်ဆံပြီး ရောဂါဝေဒနာများကို ကုသပေးလျက်ရှိကြောင်း၊ တစ်ခါတရံ
လူနာများချိန်တွင် လိုအပ်ချက်များ ရှိနိုင်သဖြင့် လူနာများဘက်မှ နားလည်ပေးစေလိုကြောင်း၊
ဆေးကုသမှုအပိုင်းတွင်လည်း ပြင်ပလူနာတွေကို အခမဲ့စမ်းသပ်စစ်ဆေးပေးနေပြီး
ဆေးရုံတက်လူနာများအတွက် အချို့ဆေးဝါးများကို အခမဲ့ပေးပြီး ရောဂါအခြေအနေပေါ် မူတည်ကာ
ဆေးရုံတွင် မရှိသော လိုအပ်သည့် ဆေးဝါးများကိုသာ ဝယ်ခိုင်းခြင်းဖြစ်ကြောင်း
၎င်းက ပြောကြားခဲ့သည်။

အဆိုပါ ရန်ကုန်ပြည်သူ့ဆေးရုံကြီး ပြင်ပလူနာဌာနတွင် ဆေးရုံမှ ခန့်ထားသည့် အထူးကုဆရာဝန်
၈၀ ခန့်နှင့် လက်ထောက်ဆရာဝန် ၂၀၀ နီးပါးက နေ့စဉ် အလှည့်ကျတာဝန်ယူကာ
ဆောင်ရွက်ပေးနေကြောင်း သိရသည်။