မြန်မာလူငယ်ရှေ့နေများအတွက် အနုညာတ စီရင်ဆုံးဖြတ်ခြင်းဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲ ကျင်းပမည်

မြန်မာလူငယ်ရှေ့နေများအတွက် အနုညာတ စီရင်ဆုံးဖြတ်ခြင်းဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲ ကျင်းပမည်

မြန်မာလူငယ်ရှေ့နေများအတွက် အနုညာတ စီရင်ဆုံးဖြတ်ခြင်းဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲကို
အပြည်ပြည်ဆိုင်ရာ ကုန်သည်ကြီးများအသင်းမှ ကျင်းပပေးသွားမည်ဖြစ်ကြောင်း
မြဝတီသတင်းတစ်ရပ်တွင် သြဂုတ်လ ၁၁ ရက်နေ့က ဖော်ပြထားသည်။

အဆိုပါအလုပ်ရုံဆွေးနွေးပွဲကို အမှတ်(၂၉) မင်းရဲကျော်စွာလမ်း၊ လမ်းမတော်မြို့နယ်ရှိ မြန်မာနိုင်ငံ
ကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များအသင်းချုပ်၌ သြဂုတ်လ ၁၈ ရက်နှင့် ၁၉ ရက်တို့တွင်
ကျင်းပသွားမည် ဖြစ်ကြောင်း၊ ဒေသတွင်းရှိ အနုညာတ စီရင်ဆုံးဖြတ်ခြင်းနှင့် သက်ဆိုင်သော
ထိပ်တန်းပညာရှင်အဖွဲ့တစ်ဖွဲ့ကို ဖိတ်ခေါ်ကာ မြန်မာနိုင်ငံရှိ လူငယ်ရှေ့နေများအတွက်
အပြည်ပြည်ဆိုင်ရာ အနုညာတ စီရင်ဆုံးဖြတ်ခြင်း အခြေခံပညာရပ်များ၊ နမူနာ အမှုတစ်ခုကို
လက်တွေ့စမ်းသပ်ဖြေရှင်းခြင်းနှင့် အပြည်ပြည်ဆိုင်ရာ ကုန်သည်ကြီးများအသင်း၏ အနုညာတ
စီရင်ဆုံးဖြတ်ခြင်း ဥပဒေများကို သင်ကြားပေးသွားမည် ဖြစ်ကြောင်း ဖော်ပြထားသည်။

ထို့ပြင် အများပြည်သူ တက်ရောက်နိုင်သော ဟောပြောပွဲကို သြဂုတ် လ ၂ဝ ရက် (စနေနေ့)
နံနက်ပိုင်းတွင် ဆက်လက်ကျင်းပသွားမည် ဖြစ်ကြောင်း၊ လူဦးရေကန့်သတ်ချက်ရှိသဖြင့်
အမည်၊ ရာထူးနှင့် အဖွဲ့အစည်းအမည်တို့ကို သြဂုတ်လ ၁၅ ရက် နောက်ဆုံးထား၍
[email protected] ၌ စာရင်းပေးသွင်းနိုင်ကြောင်း သိရသည်။