ရန်ကုန်တိုင်းဒေသကြီးရှိ အဆောက်အအုံများတွင် လျှပ်စစ်ဓာတ်အား ၃၀ ကီလိုဝပ်ထက် ကျော်လွန်သုံးစွဲပါက ကိုယ်ပိုင်ထရန်စဖော်မာ တပ်ဆင်သုံးစွဲရမည်

ရန်ကုန်တိုင်းဒေသကြီးရှိ အဆောက်အအုံများတွင် လျှပ်စစ်ဓာတ်အား ၃၀ ကီလိုဝပ်ထက် ကျော်လွန်သုံးစွဲပါက ကိုယ်ပိုင်ထရန်စဖော်မာ တပ်ဆင်သုံးစွဲရမည်

ရန်ကုန်တိုင်းဒေသကြီးအတွင်း ဆောက်လုပ်သော အဆောက်အအုံများတွင် လျှပ်စစ်ဓာတ်အားသုံးစွဲမှု
၃၀ ကီလိုဝပ် (၃၇.၅ ကေဗွီအေ) အထိသာ အများပြည်သူသုံး ထရန်စဖော်မာများမှ သုံးစွဲခွင့်ပြုရန်နှင့်
အဆိုပါ ပမာဏထက် ကျော်လွန်သုံးစွဲလိုပါက ကိုယ်ပိုင်ထရန်စဖော်မာ တပ်ဆင်သုံးစွဲရန်
ရန်ကုန်မြို့ တော် လျှပ်စစ်ဓာတ်အားပေးရေး ကော်ပိုရေးရှင်းက မူဝါဒချမှတ်ထားပြီးဖြစ်ကြောင်း
မြဝတီသတင်းတစ်ရပ်တွင် သြဂုတ်လ ၁၁ ရက်နေ့က ဖော်ပြထားသည်။

သို့ဖြစ်ရာ ကြေညာချက်ပါရှိသည့်နေ့မှစ၍ အဆောက်အအုံဆောက်လုပ် ပြီးစီးကြောင်း
ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ၏ လက်မှတ်ရရှိသည့် မည်သည့်အဆောက်အအုံမဆို
၃၀ ကီလိုဝပ်ထက် ကျော်လွန်၍ လျှပ်စစ်ဓာတ်အား ရယူသုံးစွဲလိုပါက ကိုယ်ပိုင်ထရန်စဖော်မာ
တပ်ဆင် သုံးစွဲကြရမည်ဖြစ်ကြောင်း ရန်ကုန်မြို့တော် လျှပ်စစ်ဓာတ်အားပေးရေး ကော်ပိုရေးရှင်းမှ
အသိပေးကြေညာထားကြောင်း သိရသည်။