နှုတ်ခမ်းကွဲ၊ အာခေါင်ကွဲဝေဒနာရှင် ကလေးငယ် ၁၇ဝ ကျော်အား အခမဲ့ခွဲစိတ်ကုသပေးမည်
မြန်မာနိုင်ငံအနှံ့အပြားရှိ နှုတ်ခမ်းကွဲ၊ အာခေါင်ကွဲဝေဒနာရှင် ကလေးငယ် ၁၇ဝ ကျော်အား
ကျန်းမာရေးနှင့် အားကစားဝန်ကြီး ဌာနအောက်ရှိ ရန်ကုန်ပြည်သူ့ဆေးရုံကြီးမှ ဆရာဝန်ကြီးများ၊
Smile Asia မှ ကျွမ်းကျင်ဆရာဝန်ကြီးများ၊ သူနာပြုများနှင့် ဆေးဘက်ဆိုင်ရာ ပညာရှင်များ
ပူးပေါင်းကာ သြဂုတ်လ ၁၄ ရက်မှ ၂၁ ရက်အတွင်း စနစ်တကျ စမ်းသပ်စစ်ဆေးကာ အခမဲ့ခွဲစိတ်
ကုသပေးသွားမည်ဖြစ်ကြောင်း သြဂုတ်လ ၁၄ ရက်နေ့က ရန်ကုန် ပြည်သူ့ဆေးရုံကြီး
Training Center ၌ ကျင်းပသည့် Eight - Day Cleft Free Myanmar Initiative အခမ်းအနားမှ
သိရှိရသည်ကို ကိုးကားကာ ပြန်ကြားရေးဝန်ကြီးဌာန၏ လူမှုကွန်ရက်စာမျက်နှာတွင်
သြဂုတ်လ ၁၅ ရက်နေ့က ဖော်ပြထားသည်။










