ရှမ်းပြည်နယ်တောင်ပိုင်း၊ ကလောမြိူ့နယ် ဝက်ဖြူရေကျေးရွာအုပ်စု မကွေကျေးရွာ စိမ်းလဲ့တောင်ကြား
သက်ကြီးရွယ်အို ဆင်များ ပြုစုစောင့်ရှောက်ရေး ဆင်စခန်းတွင် သြဂုတ်လ ၁၂ ရက်က
ကမ္ဘာ့ဆင်များနေ့ အခမ်းအနားကို ကျင်းပခဲ့ကြောင်း ပြန်ကြားရေး ၀န်ကြီးဌာန၏ လူမှုကွန်ရက်
စာမျက်နှာတွင် သြဂုတ်လ ၁၅ ရက်နေ့ က ဖော်ပြထားသည်။
စိမ်းလဲ့တောင်ကြား သက်ကြီးရွယ်အို ဆင်များ ပြုစုစောင့်ရှောက်ရေး ဆင်စခန်းဒါရိုက်တာ
ဦးထွန်းထွန်းဝင်းက ကမ္ဘာ့ဆင်များနေ့ဖြစ်ပေါ်လာပုံအကြောင်း၊ ဇီဝမျိုးစုံမျိုးကွဲနှင့် သဘာဝသားငှက်
ထိန်းသိမ်းရေး ပညာရှင် ဦးစိန်မျိုးအောင်က သားငှက်တိရစ္ဆာန်များ၏ အမူအကျင့်နှင့် ဓလေ့စရိုက်
လက္ခဏာများအကြောင်း၊ ဒေါ်တင်ဝင်းမော်က ဆင်သက်ကြီးရွယ်အို ပြုစုစောင့်ရှောက်ရေး
ဆင်စခန်းအတွင်း ထူးချွန်ကျောင်းသား ကျောင်းသူများ သွားရောက်လေ့လာမည့် အစီအစဉ်များ၊
ကမ္ဘာ့ဆင်များနေ့ အထိမ်းအမှတ် သစ်ပင်စိုက်ပွဲ အစီအစဉ်နှင့် သဘာဝပတ်ဝန်းကျင်
ထိန်းသိမ်းရေးဆိုင်ရာ ဗဟုသုတများကို အသီးသီး ဟောပြောခဲ့ကြကြောင်း သိရသည်။
ရှမ်းပြည်နယ်တောင်ပိုင်း၊ ကလောမြို့နယ် ဝက်ဖြူရေကျေးရွာအုပ်စု မကွေကျေးရွာ မြန်မာနိုင်ငံ
သက်ကြီးရွယ်အို ဆင်များ ပြုစုစောင့်ရှောက်ရေး စိမ်းလဲ့တောင်ကြားဆင်စခန်းကို ၂ဝ၁၁ ခုနှစ်က
မြန်မာ့သစ်လုပ်ငန်းမှ သက်ကြီး ဆင်နှစ်ကောင်ဖြင့် စတင်ဖွင့်လှစ်ခဲ့ပြီး နောက်ပိုင်းတွင် စိုက်ပျိုး
ထိန်းသိမ်းတောများ ဧက ၂ဝဝ အထိ တိုးချဲ့ပြုစုစိုက်ပျိုးရင်း သက်ကြီးရွယ်အိုဆင်များ ရ ကောင်အထိ
မွေးမြူပြုစုစောင့်ရှောက်နိုင်ခဲ့ကြောင်း၊ ဆင်များနှင့် သားငှက်တိရစ္ဆာန်များကို ချစ်ခင်မြတ်နိုးတတ်ရန်၊
သဘာဝပတ်ဝန်းကျင်ကို ချစ်ခင်မြတ်နိုး တန်ဖိုးထားတတ်ရန် ကျင်းပခဲ့သော အဆိုပါအခမ်းအနားသို့
တက်ရောက််လာကြသူများက သစ်ပင်မျိုးစုံ ၁,၂ဝဝ ကို စုပေါင်းစိုက်ပျိုးခဲ့ကြောင်း ကလောမြို့
စိမ်းလဲ့တောင်ကြား(Green Hill Valley Elephant Camp) သက်ကြီးဆင်များ ပြုစုစောင့်ရှောက်ရေးမှူး
ကိုထွန်းထွန်းဝင်းက ပြောကြားခဲ့သည်။










