လက်ထောက်ဆရာဝန်၊ လက်ထောက်ဆရာဝန် (သုတေသနအရာရှိ)နှင့်သွားဘက်ဆိုင်ရာ ဆရာဝန် ရာထူးနေရာများ ရွေးချယ်ခန့်ထား

လက်ထောက်ဆရာဝန်၊ လက်ထောက်ဆရာဝန် (သုတေသနအရာရှိ)နှင့်သွားဘက်ဆိုင်ရာ ဆရာဝန် ရာထူးနေရာများ ရွေးချယ်ခန့်ထား

ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနအောက်ရှိ ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ ကုသရေးဦးစီးဌာန၊
ဆေးသုတေသနဦးစီးဌာနတို့၌ လစ်လပ်လျက်ရှိသော လက်ထောက်ဆရာဝန်၊လက်ထောက်ဆရာဝန်
(သုတေသနအရာရှိ)နှင့် သွားဘက်ဆိုင်ရာဆရာဝန် ရာထူးနေရာများအတွက် ရွေးချယ်ခန့်ထားခံရ
သူများကို ပြည်ထောင်စုရာထူးဝန်အဖွဲ့ကထုတ်ပြန်ကြေညာလိုက်ပြီဖြစ်ကြောင်း ပြန်ကြားရေး
၀န်ကြီးဌာန၏ လူမှုကွန်ရက်စာမျက်နှာတွင် သြဂုတ်လ ၁၆ ရက်နေ့က ဖော်ပြထားသည်။

အဆိုပါရာထူးနေရာများအတွက် လျှောက်ထားရန် ခေါ်ယူခဲ့ရာတွင် လက်ထောက်ဆရာဝန် ရာထူး
နေရာအတွက် လျှောက်ထားသူ ၂၁၁၁ ဦး၊ သွားဘက်ဆိုင်ရာဆရာဝန် ရာထူးနေရာအတွက်
လျှောက်ထားသူ ၃၅၃ ဦးရှိခဲ့ပြီး လူတွေ့စစ်ဆေးခြင်းခံယူခဲ့သူများအနက် လက်ထောက်ဆရာဝန်
ရာထူး ရွေးချယ်ခြင်းခံရသူ ၁၇၆၈ ဦးနှင့် သွားဘက်ဆိုင်ရာ ဆရာဝန်ရာထူးရွေးချယ်ခြင်းခံရသူ
၈၄ ဦး၏ အမည်စာရင်းကို သြဂုတ်လ ၁၆ ရက်တွင်ကြေညာချက်အမှတ်၊ ၅/၂ဝ၁၆
ဖြင့် ထုတ်ပြန်ထားရှိခဲ့ကြောင်းဖော်ပြထားသည်။

၄င်းတို့အနေဖြင့် ဗဟိုဝန်ထမ်းတက္ကသိုလ်များတွင် မူလပုံမှန်သင်တန်း ရက်သတ္တ ၁၄ ပတ်အစား
ကျန်းမာရေးဝန်ကြီးဌာနက ပို့ချမည့် ရက်သတ္တနှစ်ပတ်သင်တန်းအပါအဝင် ရက်သတ္တရှစ်ပတ်ဖြင့်
ဖွင့်လှစ်မည့် အရာထမ်းလောင်းအခြေခံ (အထူး) သင်တန်းများသို့ သြဂုတ်လ ၃ဝ ရက်မှ စတင်
တက်ရောက်ရမည်ဖြစ်ကြောင်း၊ ရွေးချယ်ခံရသူများ၏ အမည်စာရင်းကြေညာချက်နှင့်
အရာထမ်းလောင်း အခြေခံ (အထူး) သင်တန်းများသို့ တက်ရောက်ရန်အတွက် သင်တန်းဝင်
ညွှန်ကြားလွှာတို့ကိုပြည်ထောင်စုရာထူးဝန်အဖွဲ့ ရုံးအမှတ်(၁၇) နေပြည်တော်နှင့် အမှတ် (၆၅)
အဝေရာလမ်း မေတ္တာညွန့်ရပ်ကွက် တာမွေမြို့နယ် ရန်ကုန်ရုံးခွဲ၌ ကြေညာထားပြီး ပြည်ထောင်စု
ရာထူးဝန်အဖွဲ့၏ Website များ ဖြစ်သော ucsb.imis.com.mm နှင့် www.ucsb.gov.mm တွင်
ဝင်ရောက်ကြည့်ရှုနိုင်ကြောင်းသိရှိရသည်။

- MOI Webportal Myanmar