မြန်မာ-ဂျပန်အသင်း၏ ပညာရည်ထူးချွန်ဆု (ဂျပန်နိုင်ငံ လေ့လာရေးအစီအစဉ်-၂ဝ၁၆) အတွက်
ဘက်စုံထူးချွန်သူ ၁၆ ဦးအား အသင်း၏ ထူးချွန်ကျောင်းသားရွေးချယ်ရေးကော်မတီက
စိစစ်ရွေးချယ်ခဲ့ပြီးဖြစ်ကြောင်း ပြန်ကြားရေးဝန်ကြီးဌာန၏ လူမှုကွန်ရက်စာမျက်နှာတွင်
သြဂုတ်လ ၁၇ ရက်နေ့က ဖော်ပြထားသည်။
ဂျပန်နိုင်ငံသို့ ုနစ်ညအိပ်ရှစ်ရက်ကြာ လေ့လာရေးအစီအစဉ်ကို အောက်တိုဘာလဆန်းတွင်
စေလွှတ်ရန်အတွက် ပဏာမဆန်းစစ်မှု စာမေးပွဲကို ဇူလိုင်လ၂၃ ရက်တွင် ရန်ကုန်နိုင်ငံခြားဘာသာ
တက္ကသိုလ်၌ ကျင်းပခဲ့ပြီး ဆန်းစစ်မှုစာမေးပွဲရလဒ်များနှင့် တစ်ဦးချင်းအဆိုပြုလွှာများကို စိစစ်၍
သတ်မှတ်အဆင့် အရည်အချင်းမီသူ ၆၁ ဦးအား ပထမအဆင့်လူတွေ့စစ်ဆေးမှုကို
သြဂုတ်လ ၆ ရက်တွင်လည်းကောင်း၊ ဒုတိယအဆင့် လူတွေ့စစ်ဆေးမှုကို သြဂုတ်လ ၁၄ ရက်တွင်
လည်းကောင်းပြုလုပ်ခဲ့ပြီး ဘက်စုံထူးချွန်သူ ၁၆ ဦးဖြစ်သည့် ရန်ကုန်နိုင်ငံခြားဘာသာတက္ကသိုလ်
YUFL မှ မထက်ရည်နိုင် (ဒုတိယနှစ်၊ ဂျပန်ဘာသာ)၊ မသဲနုဆွေ (ဒုတိယနှစ်၊ ဂျပန်ဘာသာ)၊
မောင်လင်းသန့်ဦး (ဒုတိယနှစ်၊ ဂျပန်ဘာသာ)၊ မကြည့်လဲ့ဝင်းပြည့် (တတိယနှစ်၊ ဂျပန်ဘာသာ)၊
မအေးချမ်းမိုး (တတိယနှစ်၊ ဂျပန် ဘာသာ) နှင့် မသက်နှင်းပိုင်စိုး (တတိယနှစ်၊ ဂျပန်ဘာသာ)၊
၂ဝ၁၆ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲတွင် တစ်နိုင်ငံလုံး၌ အမှတ်အများဆုံးဖြင့် ထူးချွန်စွာ
အောင်မြင်သူများမှ မောင်မင်းသွင်ခန့် (အထက-၁၊ ဒဂုံ၊ ရန်ကုန်)၊ မအိန္ဒြေဗိုလ်ဗိုလ်
(အထက-လေ့ကျင့်ရေး၊ ကမာရွတ်၊ရန်ကုန်)၊ မခင်ဦးက့ံကော် (အထက-၂၊ ဒဂုံ၊ ရန်ကုန်)၊
မမြပန်းချီ (အထက-လေ့ကျင့်ရေး၊ ကမာရွတ်၊ ရန်ကုန်)၊ မပန်ဆုသော် (ဝိပ္ပံ) (အထက-၂၊
စမ်းချောင်း၊ရန်ကုန်) နှင့် မအိန္ဒြေမိုးသုံသန်း (ဝိပ္ပံ) (အထက-၄၊ ကမာရွတ်၊ရန်ကုန်)၊ ၂ဝ၁၆ ခုနှစ်
တက္ကသိုလ်ဝင်စာမေးပွဲတွင် ပြည်နယ်နှင့် တိုင်းဒေသကြီးအလိုက် အမှတ်အများဆုံးဖြင့် ထူးချွန်စွာ
အောင်မြင်သူများမှ မောင်ကျုံလျန်ထန် (အထက-၁၊ ဟားခါး၊ ချင်းပြည်နယ်)၊ မဖြိုးသ ဉ္ဇာထက်
(ကပက-ပါရမီပညာရိပ်မွန်)၊ မုံရွာ၊ စစ်ကိုင်းတိုင်းဒေသကြီး)၊မောင်နေနော်ဦး (အထက-၁၊
တောင်ကြီး၊ ရှမ်းပြည်နယ်)၊ မခြူးဆက်စံသာ (အထက-၁၊ ထားဝယ်၊ တနင်္သာရီတိုင်းဒေသကြီး)
တို့အား အတည်ပြု ရွေးချယ်ခဲ့ကြောင်း သိရသည်။
ရွေးချယ်ခံရသည့် ကျောင်းသားကျောင်းသူများသည် နိုင်ငံကူးလက်မှတ်ပြုလုပ်ရေး၊ ဂျပန်ပြည်
ဝင်ခွင့် ဗီဇာလျှောက်ထားရေးအပါအဝင် အုပ်ချုပ်မှုကိစ္စများဆောင်ရွက်ရန်အတွက် မြန်မာ-ဂျပန်
အသင်းရုံး (ရန်ကုန်) ဖုန်း-ဝ၁-၂၅၆ဝ၇၄၊ ၂၅၆ဝ၇၅၊ ဝ၉-၄၂၁၁၆၂၃၃၁ တို့သို့ အမြန်ဆုံး
ဆက်သွယ်ရမည် ဖြစ်ကြောင်း သိရှိရသည်။
- MOI Webportal Myanmar









