ထူးချွန်လူငယ် ကိုသိန်းဇော် (ခ) ကိုဇော်ဇော်အား နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်က ဇူလိုင်လအတွက် ချီးကျူး ဂုဏ်ပြုထိုက်သူအဖြစ် ရွေးချယ်ခဲ့

ထူးချွန်လူငယ် ကိုသိန်းဇော် (ခ) ကိုဇော်ဇော်အား နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်က ဇူလိုင်လအတွက် ချီးကျူး ဂုဏ်ပြုထိုက်သူအဖြစ် ရွေးချယ်ခဲ့

 

၂၀၁၆ ခုနှစ်၊ ဇူလိုင်လအတွက် ချီးကျူးဂုဏ်ပြုထိုက်သူအဖြစ် မန္တလေးတိုင်းဒေသကြီး၊
ကျောက်ပန်းတောင်း မြို့နယ်မှ ကိုသိန်းဇော် (ခ) ကိုဇော်ဇော်အား နိုင်ငံတော်၏ အတိုင်ပင်ခံ
ပုဂ္ဂိုလ်က ရွေးချယ်ပြီး မှတ်တမ်းတင် ဂုဏ်ပြုခဲ့ကြောင်း နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ရုံး၏
လူမှုကွန်ရက်စာမျက်နှာတွင် သြဂုတ်လ၁၆ ရက်နေ့က ဖော်ပြထားသည်။

နိုင်ငံသူနိုင်ငံသားများအကျိုးအတွက် နိုင်ငံရေး၊ စီးပွားရေးနှင့်လူမှုရေးနယ်ပယ်အသီးသီးတွင်
တက်ကြွစွာ ပါ၀င် ဆောင်ရွက်လျက်ရှိသော မျိုးဆက်သစ်လူငယ်များအနက် မန္တလေးတိုင်းဒေသကြီး၊
ကျောက်ပန်းတောင်း မြို့နယ်၊ ကတောကျေးရွာအုပ်စု၊ စည်သာကျေးရွာမှ ကိုသိန်းဇော် (ခ)
ကိုဇော်ဇော်သည် စတုတ္ထတန်းအထိသာ ပညာသင်ကြားခဲ့ရသော်လည်း ရန်ကုန်မြို့တွင်
သမာအာဇီဝငါးကင်ရောင်းချရင်း တစ်ဖက်တွင်လည်း ချွေးနဲစာဖြင့် တစ်ပိုင်တစ်နိုင်စာကြည့်တိုက်များကို
ထူထောင်ခဲ့သောကြောင့် ယခုကဲ့သို့ထူးချွန်လူငယ်အဖြစ် ဂုဏ်ပြုခံခဲ့ရခြင်းဖြစ်ကြောင်း
သိရသည်။

ကိုသိန်းဇော် (ခ) ကိုဇော်ဇော်သည် ရန်ကုန်တိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီးနှင့်
ဧရာဝတီတိုင်းဒေသကြီးတို့တွင် " မန္တလေးစာကြည့်တိုက်" ဟူသော အမည်ဖြင့် စာကြည့်တိုက်
ငါးခုကို တည်ထောင်ခဲ့သည့်အပြင် လိုအပ်သည့် နေရာများသို့လည်း စာအုပ်များ လှူဒါန်းလျက်
ရှိသည်ဟု ဆိုသည်။