တက္ကသိုလ်ဝင်ခွင့်လျှောက်လွှာများ စတင်ထုတ်ပေး

တက္ကသိုလ်ဝင်ခွင့်လျှောက်လွှာများ စတင်ထုတ်ပေး

၂ဝ၁၆ ခုနှစ် တက္ကသိုလ်ဝင်ခွင့်လျှောက်လွှာနှင့် လမ်းညွှန်စာအုပ်များကို သြဂုတ်လ ၁၇ ရက်မှ စတင်၍
သက်ဆိုင်ရာ ကျောင်းများတွင် ထုတ်ယူနိုင်ပြီဖြစ်ရာ တက္ကသိုလ်ဝင်တန်း အောင်မြင်ခဲ့ကြသည့်
ကျောင်းသားကျောင်းသူများ လာရောက် ထုတ်ယူနေပြီဖြစ်ကြောင်း ပြန်ကြားရေးဝန်ကြီးဌာန၏
လူမှုကွန်ရက် စာမျက်နှာတွင် သြဂုတ်လ ၁၈ ရက်နေ့က ဖော်ပြထားသည်။

အဆိုပါလျှောက်လွှာနှင့် လမ်းညွှန်စာအုပ်များကို အချို့ကျောင်းများက သြဂုတ်လ ၁၇ ရက်မှ
စတင် ထုတ်ပေးနေသော်လည်း အချို့ကျောင်းများကမူ သြဂုတ်လ ၁၈ ရက်မှသာ ထုတ်ပေးမည်ဟု
ဆိုသည်။

တက္ကသိုလ်ဝင်ခွင့်လျှောက်လွှာ ထုတ်ယူမည့် ကျောင်းသားကျောင်းသူများသည် ကျောင်းဖြေဖြစ်ပါက
မိမိတို့ကျောင်းမှ ကျောင်းအုပ်ထောက်ခံချက်ဖြင့် ထုတ်ရမည်ဖြစ်ပြီး ပြင်ပဖြေသူများသည်
မှတ်ပုံတင်မူရင်း (သို့မဟုတ်) သန်းခေါင်စာရင်းဖြင့် လာရောက်ထုတ်ယူရမည်ဖြစ်ကြောင်း၊
အဆိုပါ ဝင်ခွင့်လျှောက်လွှာများကို သြဂုတ်လ ၁၇ ရက်မှ ၃၁ ရက်အတွင်း ကမာရွတ်မြို့နယ်၊
သထုံလမ်းရှိ အဆင့်မြင့်ပညာဦးစီးဌာနတွင် တင်သွင်းရမည်ဖြစ်ကြောင်း သိရသည်။