နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် တရုတ်ပြည်သူ့သမ္မတနိုင်ငံရှိ မြန်မာသံရုံး ၀န်ထမ်းများနှင့့် တွေ့ဆုံခဲ့

နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် တရုတ်ပြည်သူ့သမ္မတနိုင်ငံရှိ မြန်မာသံရုံး ၀န်ထမ်းများနှင့့် တွေ့ဆုံခဲ့

တရုတ်ပြည်သူ့ သမ္မတနိုင်ငံသို့ ချစ်ကြည်ရေးခရီး ရောက်ရှိနေသော နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်
ဒေါ်အောင်ဆန်းစုကြည်သည် သြဂုတ်လ ၁၈ ရက်နေ့ နံနက်ပိုင်းတွင် ကျောက်ယုထိုင် နိုင်ငံတော်
ဧည့်ဂေဟာ၌ တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ နိုင်ငံခြားရေးဝန်ကြီး H.E. Mr. Wang Yi မှ
တည်ခင်းဧည့်ခံသည့် အလုပ်သဘော နံနက်စာစားပွဲသို့ တက်ရောက်ခဲ့ကြောင်း နိုင်ငံခြားရေး
၀န်ကြီးဌာန၏ လူမှုကွန်ရက်စာမျက်နှာတွင် သြဂုတ်လ ၁၈ ရက်နေ့က ဖော်ပြထားသည်။

ထို့နောက် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်နှင့် ကိုယ်စားလှယ် အဖွဲ့သည် ပေကျင်းမြို့ရှိ မြန်မာသံရုံးသို့
သွားရောက်ပြီး မြန်မာသံရုံးနှင့် စစ်သံရုံးတို့မှ ၀န်ထမ်းများနှင့် တွေ့ဆုံခဲ့ပြီး နိုင်ငံတော်၏
အတိုင်ပင်ခံပုဂ္ဂိုလ်နှင့် ကိုယ်စားလှယ်အဖွဲ့အား မြန်မာသံရုံးမိသားစုများမှ နေ့လည်စာဖြင့်
တည်ခင်းဧည့်ခံခဲ့ကြောင်း ဖော်ပြထားသည်။

နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်သည် မွန်းလွဲ ၁၇းဝဝ နာရီတွင် တရုတ်နို်င်ငံဝန်ကြီးချုပ်မှ
ဂုဏ်ပြုတပ်ဖွဲ့ဖြင့် ကြိုဆိုသည့် အခမ်းအနားသို့ တက်ရောက်မည်ဖြစ်ကြောင်း သိရှိရသည်။