နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် တရုတ်နိုင်ငံ ၀န်ကြီးချုပ်
H.E. Mr. Li Keqiang တို့အကြား နှစ်နိုင်ငံဆွေးနွေးပွဲတစ်ရပ်ကို သြဂုတ်လ ၁၈ ရက်နေ့တွင်
ပြုလုပ်ခဲ့ကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာန၏ လူမှုကွန်ရက် စာမျက်နှာတွင် သြဂုတ်လ ၁၈ ရက်နေ့က
ဖော်ပြထားသည်။
ဆွေးနွေးပွဲတွင် နှစ်နိုင််ငံဆက်ဆံရေး၊ ကဏ္ဍစုံပူးပေါင်း ဆောင်ရွက်ရေးနှင့် ဆောင်ရွက်ဆဲ စီမံကိန်းများ၊
နှစ်နိုင်ငံအကြား တပ်မတော်ဘက်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှှုများ၊ အခြေခံအဆောက်အဦ
ဖွံ့ဖြိုးတိုးတက်ရေးစသည့် ကိစ္စရပ်များကို ဆွေးနွေးခဲ့ကြသည်။
ထို့နောက် Great Hall of the People, He Bei Hall ၌ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်နှင့်
တရုတ်နိုင်ငံဝန်ကြီးချုပ်တို့၏ ရှေ့မှောက်တွင် သက်ဆိုင်ရာ အစိုးရကိုယ်စားလှယ်များက
ကွမ်းလုံတံတား တည်ဆောက်ရေးအတွက် မြန်မာနှင့် တရုတ်နိုင်ငံတို့အကြား ဆောက်လုပ်ရေး
ကဏ္ဍဆိုင်ရာ Exchange of Note နှင့် စီးပွားရေးနှင့် နည်းပညာပူးပေါင်း ဆောင်ရွက်ရေး
သဘောတူစာချုပ်တို့အား လက်မှတ်ရေးထိုး လဲလှယ်ခဲဲ့ကြကြောင်း သိရသည်။










