မြန်မာနိုင်ငံတစ်ဝန်းတွင် ပါရာဒီဆိုစီနီမာကုမ္မဏီက တည်ဆောက်လျက်ရှိသော ရုပ်ရှင်ရုံ
၁ဝဝတွင် အသုံးပြု မည့် အသံပိုင်းအတွက် Digital Audio System ဝယ်ယူ ရန်အတွက်
Clover Solution ကုမ္ပဏီနှင့် ပူးပေါင်းဆောင်ရွက် မှုဆိုင်ရာ နားလည်မှုစာချွန်လွှာလက်မှတ်ရေးထိုးပွဲကို
ရန်ကုန်မြို့ ပါ့ရွိုင်ရယ်ဟိုတယ်၌ သြဂုတ်လ ၁၉ ရက်က ပြုလုပ်ခဲ့ကြောင်း ပြန်ကြားရေးဝန်ကြီးဌာန၏
လူမှု ကွန်ရက်စာမျက်နှာတွင် သြဂုတ်လ ၂၂ ရက်နေ့က ဖော်ပြထားသည်။
အသံပိုင်း Digital Audio System တွင် စပီကာ၊ Processor နှင့် အသံချဲ့စက်(Amplifier) များကို
နိုင်ငံတကာအဆင့်မီဖြစ် စေရန် အဆင့်မြှင့်တင်ထားပြီး ပြည်တွင်းပြည်ပရုပ်ရှင်ကားများ
ပြသနိုင်မည် ဖြစ်ကြောင်း Clover Solution ကုမ္ပဏီမှ မန်နေဂျင်း ဒါရိုက်တာ ဦးဇင်အောင်စိုးက
ပြောကြားခဲ့သည်။
အဆိုပါရုပ်ရှင် ရုံ ၁ဝဝ ကို နှစ်နှစ်အတွင်း ပြီးစီးအောင်တည်ဆောက်သွားမည် ဖြစ်ပြီး တစ်ရုံလျှင်
ခန့်မှန်းကုန်ကျငွေမှာ ကျပ်သိန်း ၂ဝဝဝ ဖြစ် ကြောင်း၊ ကနဦးစီမံကိန်းအနေဖြင့် မှော်ဘီမြို့တွင်
စတင် တည် ဆောက်နေပြီး အောင်ပန်းမြို့တွင်လည်း ဆောက်လုပ်ခွင့်တောင်း ထားကြောင်း
သိရသည်။
နိုင်ငံတကာစံချိန်စံညွှန်းနဲ့အညီဖြစ်စေရန် ယခုကဲ့သို့ လက်တွဲ လုပ်ဆောင်ခြင်းဖြစ်ပြီးနယ်၊
တော၊ မြို့ဟူ၍ ခွဲခြားမှုမရှိဘဲ မြို့ ပေါ်မှ စနစ်အတိုင်း တပြေးညီတည်း အဆင့်မြှင့်တင်သွားမည်
ဖြစ်ကြောင်း ပါရာဒီဆိုစီနီမာကုမ္ပဏီ စီအီးအို ဦးတင်မောင်ဝင်း က ပြောကြားခဲ့သည်။ ကနဦး
စီမံချက်အောင်မြင်ပါက ထိုင်ခုံ အနိမ့်အမြင့်၊ အသံပိုင်း၊ အလင်းအမှောင်၊ အဲကွန်းစနစ်များကို
တစ်လလျှင် ဆယ်ရုံနှုန်းဖြင့် တစ်ပြေးညီ ဆက်လက်အဆင့်မြှင့်တင်သွားမည်ဟုလည်း အဆိုပါ
လက်မှတ်ရေးထိုးပွဲမှ သိရသည်။









