ပြည်တွင်းတက္ကသိုလ်များမှ ကျောင်းသားများအနေဖြင့် ၄င်းတို့သင်ယူသည့် ဘာသာရပ်နှင့်
ကိုက်ညီသော အလုပ် အတွေ့အကြံုများရရှိစေရန်အတွက် တယ်လီနောမြန်မာနှင့် မြန်မာနိုင်ငံရှိ
တက္ကသိုလ်များ လက်တွဲပူးပေါင်းမှုကို စတင် ဆောင်ရွက်မည်ဖြစ်ကြောင်း ပြန်ကြားရေးဝန်ကြီးဌာန၏
လူမှုကွန်ရက် စာမျက်နှာတွင် သြဂုတ်လ ၂၂ ရက်နေ့က ဖော်ပြထားသည်။
နည်းပညာတက္ကသိုလ်(မှော်ဘီ)၊ ရန်ကုန်အနောက်ပိုင်း နည်းပညာတက္ကသိုလ်၊ နည်းပညာတက္ကသိုလ်
(သန်လျင်) နှင့် အမျိုးသားစီမံခန့်ခွဲမှုပညာဒီဂရီကောလိပ်တို့တွင် နောက်ဆုံးနှစ်ပညာသင်ယူပြီးသော
ကျောင်းသားကျောင်းသူ များသည် ယခုနှစ်အောက်တိုဘာလတွင် စတင်တော့မည့် တယ်လီနော၏
အလုပ်သင်ဝန်ထမ်းအစီအစဉ်တွင် ဝင်ရောက် လျှောက်ထားနိုင်တော့မည်ဖြစ်ပြီး နိုင်ငံတစ်ဝန်းရှိ
အခြား တက္ကသိုလ်များနှင့်လည်း ပူးပေါင်းကာ အစီအစဉ်ကို ဆက်လက် တိုးချဲ့သွားမည်ဖြစ်ကြောင်း
တယ်လီနောမြန်မာမှ သိရသည်။
အလုပ်သင်ဝန်ထမ်းခေါ်ယူမှုနှင့်စပ်လျဉ်း၍ မိတ်ဆက်ရှင်းလင်း ပွဲများကိုလည်း သြဂုတ်လဒုတိယပတ်နှင့်
တတိယပတ်များအတွင်း က တက္ကသိုလ်များတွင် ပြုလုပ်ခဲ့ပြီးဖြစ်သည်။
တယ်လီနော၏ အလုပ်သင်ဝန်ထမ်းခေါ်ယူမည့် လုပ်ငန်းကဏ္ဍများတွင် လူ့စွမ်း အားအရင်းအမြစ်၊
ဘဏ္ဍာရေး၊ စီးပွားရေးလည်ပတ်မှု၊ နည်းပညာ၊စျေးကွက်ရှာဖွေရေး၊ ကော်ပိုရိတ်ဆိုင်ရာ
ဆက်သွယ်ရေး စသည်တို့ ပါဝင်ကြောင်း၊ ရွေးချယ်ခံရသော အလုပ်သင်ဝန်ထမ်း များသည်
တစ်လမှ သုံးလအထိ လေ့လာခွင့်ကာလအတွင်း ကုမ္ပဏီ၏ လုပ်ကိုင်မှုနည်းစနစ်များကို
သင်ယူလေ့လာနိုင်မည့် အပြင် အလုပ်ခွင်ဝင်ရောက်လုပ်ကိုင်ရာတွင် လိုအပ်သည့်
ပူးပေါင်းဆောင်ရွက်နိုင်စွမ်းများ တိုးတက်လာအောင် သင်ကြား ပေးခြင်း၊ တယ်လီနော၏
သင်ကြားရေးနှင့် ဖွံ့ဖြိုးတိုးတက်မှုဆိုင်ရာ ဝန်ထမ်းများနှင့် ကြီးကြပ်သူများထံမှ လမ်းညွှန်
သင်ကြားပေးခြင်း များ ရရှိမည်ဖြစ်ပြီး အလုပ်သင်အစီအစဉ်ပြီးဆုံးကြောင်း အသိ အမှတ်ပြုလက်မှတ်များကိုလည်း ပေးအပ်သွားမည်ဖြစ်ကြောင်းသိရသည်။









