မြန်မာ-စင်ကာပူ နှစ်နိုင်ငံ ချစ်ကြည်ရင်းနှီးမှု နှစ် ၅၀ ပြည့်အထိမ်းအမှတ်အဖြစ်
နေပြည်တော်ရှိ မြန်မာ အပြည်ပြည်ဆိုင်ရာ ကွန်ဗန်းရှင်းဗဟိုဌာန MICC (II) တွင်
သြဂုတ်လ ၂၂ ရက်နေ့ ညနေပိုင်းက ကျင်းပခဲ့သော တေးဂီတဖျော်ဖြေပွဲသို့ နိုင်ငံတော်၏
အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် တက်ရောက်အားပေးခဲ့ကြောင်း ပြန်ကြားရေး
၀န်ကြီးဌာန၏ လူမှုကွန်ရက်စာမျက်နှာတွင် သြဂုတ်လ ၂၂ ရက်နေ့က ဖော်ပြထားသည်။
ဖျော်ဖြေပွဲတွင် ဂီတအဖွဲ့မှ နှစ်နိုင်ငံ နိုင်ငံတော်သီချင်းများဖြင့် ဂုဏ်ပြုတီးမှုတ်ကြပြီး
စင်ကာပူနိုင်ငံ YONG SIEW TOH ဂီတသင်တန်းကျောင်းမှ ဂီတပညာရှင်များ၊ ရန်ကုန်မြို့ရှိ
Attachment of Clouds (AOC) မှ ဂီတပညာရှင်များနှင့် ဆိုင်းဝိုင်းပညာရှင်တို့မှ ဂန္တဝင်ဂီတများ၊
မြန်မာနှင့် စင်ကာပူတေးသီချင်းများဖြင့် ဖျော်ဖြေခဲ့ကြကြောင်း ဖော်ပြထားသည်။
အခမ်းအနားအပြီးတွင် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်က စင်ကာပူနိုင်ငံ
YONG SIEW TOH ဂီတသင်တန်းကျောင်းမှ ဂီတပညာရှင်များအား ဂုဏ်ပြုပန်းစည်းပေးအပ်ခဲ့ကြောင်း
သိရသည်။
ဓာတ်ပုံ - MOI Webportal Myanmar










