ပြည်ထောင်စုကြံံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ဒုတိယအကြိမ် ပါတီညီလာခံ ဒုတိယနေ့ သြဂုတ်လ
၂၃ ရက်နေ့တွင် ပါတီ ဥက္ကဋ္ဌအဖြစ် ဦးသန်းဌေးအား ရွေးချယ်တင်မြှောက်ခဲ့ကြောင်း
ပြန်ကြားရေးဝန်ကြီးဌာန၏ လူမှုကွန်ရက်စာမျက်နှာတွင် သြဂုတ်လ ၂၄ ရက်နေ့က
ဖော်ပြထားသည်။
ပါတီညီလာခံတွင် ဗဟိုအလုပ်အမှုဆောင်ကော်မတီမှ ရွေးချယ် ထားသည့် ပါတီဥက္ကဌ၊
ဒုတိယဥက္ကဌ၊ အထွေထွေအတွင်းရေးမှူး နှင့် အတွင်းရေးမှူးများ၏ အမည်စာရင်းကို ပါတီ
ညီလာခံသို့ တင်သွင်း အတည်ပြုရာတွင် ပါတီဥက္ကဌအဖြစ်ဦးသန်းဌေး၊ ဒုတိယ ဥက္ကဌအဖြစ်
ဦးမြတ်ဟိန်း၊ အထွေထွေ အတွင်းရေးမှူးအဖြစ် ဦးသက်နိုင်ဝင်း၊ အတွင်းရေးမှူးများအဖြစ်
ဦးပိုက်ထွေး၊ ဦးသန်း ထွန်း၊ ဒေါက်တာကျော်ကျော်ဌေး၊ ဦးတင်အောင်ချစ်နှင့် ဒေါက်တာ စန်းစန်းနွယ်တို့ကို
ရွေးချယ်ခဲ့ပြီး ညီလာခံက အတည်ပြုခဲ့သည့် ပါတီဥက္ကဌ၊ ဒုတိယဥက္ကဋ္ဌ အပါအဝင်
ဗဟိုကော်မတီဝင်များ၊ ညီလာခံကိုယ်စားလှယ်များက ကတိသစ္စာပြုခဲ့ကြောင်း သိရသည်။









