နိုင်ငံတော်သမ္မတဦးထင်ကျော်နှင့်ဇနီး အိန္ဒိယနိုင်ငံသို့ ချစ်ကြည်ရေး ခရီးသွားရောက်မည်
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးထင်ကျော်နှင့် ဇနီး ဒေါ်စုစုလွင်တို့သည်
အိန္ဒိယသမ္မတ န်ိုင်ငံသမ္မတ မစ္စတာပရာနာ့ဗ်မူခါဂျီး၏ ဖိတ်ကြားချက်အရ အိန္ဒိယသမ္မတနိုင်ငံသို့
မကြာမီကာလအတွင်း ချစ်ကြည်ရေး ခရီးသွားရောက်မည်ဖြစ်ကြောင်း ပြန်ကြားရေးဝန်ကြီးဌာန၏
လူမှုကွန်ရက်စာမျက်နှာတွင် သြဂုတ်လ ၂၄ ရက်နေ့က ဖော်ပြထားသည်။









