အင်အားပြင်း ငလျင်ကြောင့် ပုဂံတွင် ဘုရားပုထိုး အဆူ ၆၀ကျော် ထိခိုက်မှုရှိ

အင်အားပြင်း ငလျင်ကြောင့် ပုဂံတွင် ဘုရားပုထိုး အဆူ ၆၀ကျော် ထိခိုက်မှုရှိ

သြဂုတ်လ (၂၄)ရက်နေ့ လှုပ်ခတ်ခဲ့သော အင်အား ရစ်(ခ်)တာ စကေး (၆.၈)အဆင့်ရှိ ငလျင်ကြောင့်
ပုဂံတွင် ဘုရားပုထိုး အဆူ ၆၀ကျော် ထိခိုက်မှုရှိကြောင်း ပြန်ကြားရေးဝန်ကြီးဌာန လူမှုကွန်ယက်
စာမျက်နှာတွင် ဖေါ်ပြထားသည်။

ငလျင်ဒဏ်ကြောင့် ညောင်ဦးမြို့နယ် ပုဂံဒေသရှိ ဓမ္မရံကြီး၊ ထီးလိုမင်းလို စေတီတော်
ကွမ်းတောင်များလည်း ပြိုကျခဲ့သည်။

မြေငလျင်လှုပ်ခတ်မှုကြောင့် ဆိပ်ဖြူမြို့၊ပခုက္ကူမြို့၊ မကွေးမြို့၊ ရေနံချောင်းမြို့၊တောင်တွင်းကြီးမြိ့ု၊ မင်းလှမြိုနှင့်၊
ချောင်းဦးမြို့တို့တွင် အပျက်အစီးများရှိကြောင်း ယခုအချိန်ထိ တရားဝင်ထုတ်ပြန်ချက်များအရ သိရသည်။

အဆိုပါ ငလျင်သည် မြန်မာစံတော်ချိန်(၁၇)နာရီ (၀၄)မိနစ် (၅၅)စက္ကန့်အချိန်တွင်
မန္တလေးမြေငလျင်စခန်းမှ အနောက်တောင်ဘက် (၁၂၃)မိုင်ခန့် ကွာဝေးသော မြန်မာနိုင်ငံပြည်တွင်း
(ချောက်မြိ့ု၏ အနောက်ဘက် (၁၂)မိုင်ခန့်အကွာ)ကို ဗဟိုပြု၍ လှုတ်ခတ်ခဲ့ခြင်းဖြစ်သည်။

ထို ငလျင်သည် မြေအောက် ၈၄ ကီလိုမီတာ ( ၅၂ မိုင်) အနက်တွင် ဗဟိုပြုကာ လှုပ်ခတ်ခဲ့ကြောင်း
အမေရိကန်ဘူမိဗေဒသုတေသနအေဂျင်စီ (US Geological Survey)က ထုတ်ပြန်ထားသည်။