ငလျင်ကြောင့် မန္တလေးတိုင်းဒေသကြီးတွင် ဘုရားစေတီ ၂၄၁ ဆူ ပြိုကျပျက်စီးခဲ့

ငလျင်ကြောင့် မန္တလေးတိုင်းဒေသကြီးတွင် ဘုရားစေတီ ၂၄၁ ဆူ ပြိုကျပျက်စီးခဲ့

 

သြဂုတ်လ ၂၄ ရက်နေ့၊ ညနေ ၅ နာရီ ၅ မိနစ်အချိန်တွင် လှုပ်ခတ်ခဲ့သော ငလျင်ဒဏ်ကြောင့်
မန္တလေးတိုင်းဒေသကြီးတွင် ဘုရားစေတီ ၂၄၁ ဆူ ပြိုကျပျက်စီးခဲ့ကြောင်းပြန်ကြားရေးဝန်ကြီး
ဌာန၏ လူမှုကွန်ရက်စာမျက်နှာတွင်သြဂုတ်လ ၂၅ ရက်နေ့က ဖော်ပြထားသည်။

သြဂုတ်လ ၂၅ ရက်နေ့အထိ စစ်ဆေးရရှိသော ပျက်စီးဆုံးရှုံးမှုစာရင်းများအရ မန္တလေးတိုင်းဒေသကြီး၊
ညောင်ဦးမြို့ရှိ ပုဂံရှေးဟောင်းယဉ်ကျေးမှုနယ်မြေတွင် ဘုရားစေတီပေါင်း ၁၈၇ ဆူ၊ ကျောက်ပန်း
တောင်းမြို့နယ်တွင် ၂၈ ဆူ၊ မလှိုင်မြို့နယ်တွင် ၂ ဆူ၊ မြင်းခြံမြို့နယ်တွင် ၁၀ ဆူ၊
တောင်သာမြို့နယ်တွင် ၉ ဆူ၊ နွားထိုးကြီးမြို့နယ်တွင် ၁ ဆူ၊ ငါးဇွန်မြို့နယ်တွင် ၁ ဆူနှင့်
ရမည်းသင်းမြို့နယ်တွင် ၃ ဆူ၊ စုစုပေါင်း ဘုရားစေတီ ၂၄၁ ဆူ ပြိုကျပျက်စီးခဲ့ကြောင်း
သိရသည်။