သြဂုတ်လ ၂၈ ရက်နေ့က ရန်ကုန်မြို့၊ မြို့တော်ခန်းမရှေ့ရှိ မဟာဗန္ဓုလပန်းခြံအတွင်း လွတ်လပ်ရေး
ကျောက်တိုင်အနီး တွင် ငြိမ်းချမ်းရေးလိုလားသည့် ပြည်သူများနှင့် အဖွဲ့အစည်း အသီးသီးမှ
စုပေါင်းပြီး ''ပြည်ထောင်စုငြိမ်းချမ်းရေး ညီလာခံ- (၂၁)ရာစုပင်လုံ'' ကြိုဆိုထောက်ခံပွဲအခမ်းအနားကို ကျင်းပခဲ့ကြောင်း ပြန်ကြားရေးဝန်ကြီးဌာန၏ လူမှုကွန်ရက်စာမျက်နှာ တွင် သြဂုတ်လ ၂၉ ရက်နေ့က
ဖော်ပြထားသည်။
(၂၁)ရာစုပင်လုံ ထောက်ခံပွဲကို ပန်းခြံရှေ့ရှိ လမ်းတွင် ပြုလုပ် ရန် ခွင့်ပြုချက်လာတောင်းသော်လည်း
ဘောလုံးပွဲပြချိန်နှင့် တိုက်ဆိုင်နေသဖြင့် လွတ်လပ်ရေးကျောက်တိုင်ကြီးနှင့် အနီးဆုံးဖြစ်သော
ပန်းခြံထဲတွင် ကျင်းပခွင့်ပေးခဲ့ပြီး စည်ပင်ကော်မတီ ဝင် ဆရာမကြီး ဒေါ် သန်းမြင့်အောင်အား
ကြီးကြပ်ပေးရန် မေတ္တာ ရပ်ခံခဲ့ကြောင်း၊ (၂၁)ရာစုပင်လုံညီလာခံကြီး အောင်မြင်ရန် နှစ်နှစ်
ကာကာထောက်ခံကြောင်း ရန်ကုန်မြို့တော်စည်ပင် သာယာရေးကော်မတီဥက္ကဋ္ဌ၊ မြို့တော်ဝန်
ဦးမောင်မောင်စိုးက ပြောကြားခဲ့သည်။
ပြည်တွင်းစစ်မီးငြိမ်းရန်မှာ (၂၁)ရာစု ပင်လုံ ညီလာခံအပေါ်တွင် မူတည်နေသောကြောင့်
ညီလာခံံအောင်မြင် ရန်အတွက် တိုင်းရင်းသားအားလုံး၊ ပြည်သူလူထုက ကြိုဆို ထောက်ခံ
ပါဝင်ရန် လိုုကြောင်း၊ နောင်လာမည့် မျိုးဆက်များ၊ နိုင်ငံသားများအားလုံးအတွက် အရေး
အကြီးဆုံးဖြစ်၍ ငြိမ်းငြိမ်းချမ်းချမ်းလက်တွဲကူညီကြစေလိုကြောင်း စာရေးဆရာမကြီး
ဒေါ်သန်းမြင့်အောင်က ၄င်း၏ ခံယူချက်ကို ပြောကြားခဲ့သည်။










