ကုလသမဂ္ဂအတွင်းရေးမှူးချုပ် မစ္စတာဘန်ကီမွန်း မြန်မာနိုင်ငံသို့ အလုပ်သဘောခရီးလာရောက်မည်

ကုလသမဂ္ဂအတွင်းရေးမှူးချုပ် မစ္စတာဘန်ကီမွန်း မြန်မာနိုင်ငံသို့ အလုပ်သဘောခရီးလာရောက်မည်

ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်အစိုးရ၏ ဖိတ်ကြားချက် အရ ကုလသမဂ္ဂအတွင်းရေးမှူးချုပ်
မစ္စတာ ဘန်ကီမွန်းသည် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံသို့ သြဂုတ်လ ၃၀ ရက်မှ ၃၁ ရက်
အထိ အလုပ်သဘော ခရီးလာရောက်မည်ဖြစ်ကြောင်း၊ ကုလသမဂ္ဂအတွင်းရေးမှူးချုပ်နှင့် အတူ
၄င်း၏ ဇနီးဖြစ်သူ Mrs. Ban Soon-taek လည်း လိုက်ပါလာမည်ဖြစ်ကြောင်း ပြန်ကြားရေး
၀န်ကြီးဌာန၏ လူမှုကွန်ရက်စာမျက်နှာတွင် သြဂုတ်လ ၃၀ ရက်နေ့က ဖော်ပြထားသည်။