ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ- ၂၁ ရာစု ပင်လုံ ဖွင့်ပွဲအခမ်းအနား တိုက်ရိုက်ထုတ်လွှင့်မည်
သြဂုတ်လ ၃၁ ရက် နံနက်ပိုင်းတွင် နေပြည်တော်ရှိ မြန်မာ အပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်း
ဗဟိုဌာန၌ ကျင်းပမည့် ပြည်ထောင်စုငြိိမ်းချမ်းရေးညီလာခံ- ၂၁ ရာစု ပင်လုံ ဖွင့်ပွဲ အခမ်းအနားကို
မြန်မာ့ရုပ်မြင်သံကြား ( News Channel) နှင့် မြန်မာ့အသံ ရေဒီယိုအစီိအစဉ်တို့တွင် နံနက်
၉ နာရီ ၄၅ မိနစ်မှ စတင်၍ တိုက်ရိုက်ထုတ်လွှင့်ပေးသွားမည်ဖြစ်ကြောင်း
ပြန်ကြားရေးဝန်ကြီးဌာန၏ လူမှုကွန်ရက်စာမျက်နှာ တွင် သြဂုတ်လ ၃၀ ရက်နေ့က
ဖော်ပြထားသည်။










