မြန်မာနိုင်ငံရဲတပ်ဖွဲ့နှင့် အမေရိကန်သံရုံး Department of Justice Office of Prosecutorial
Development, Assistance and Training (DOJ OPDAT) တို့ ပူးပေါင်းကျင်းပသည့်
နိုင်ငံဖြတ်ကျော်မှုခင်းများနှင့် သက်ဆိုင်သော သင်တန်းကို သြဂုတ်လ ၃၀ ရက်နေ့တွင် နေပြည်တော်
Amara Hotel ၌ ကျင်းပခဲ့ကြောင်း ပြန်ကြားရေးဝန်ကြီးဌာန၏ လူမှုကွန်ရက်စာမျက်နှာတွင်
စက်တင်ဘာလ ၁ ရက်နေ့က ဖော်ပြထားသည်။
သင်တန်းဖွင့်ပွဲအခမ်းအနားသို့ မြန်မာနိုင်ငံရဲတပ်ဖွဲ့ ဒုတိယရဲချုပ် ရဲမှူးချုပ် အောင်ဝင်းဦးနှင့်
ရဲအရာရှိကြီးများ၊ UNODC မှ Country Manager ဖြစ်သူ Mr. Troels Vester ၊ United States
Department of Justice မှ Intermittent Legal Advisor ဖြစ်သူ Mr. Terry M. Kinney နှင့်
သင်တန်းသား ၄ဝ တက်ရောက်ခဲ့ကြပြီး United States Department of Justice မှ
Mr. Terry M. Kinney နှင့် ကျွမ်းကျင်သူများက သင်တန်းပို့ချရသည့် ရည်ရွယ်ချက်၊ နိုင်ငံဖြတ်ကျော်
မှုခင်းများနှင့် ပတ်သက်၍ ခြံုငုံသုံးသပ်ချက်၊ ကမ္ဘာပေါ်တွင် ကြံုတွေ့လာရသော မူးယစ်ဆေးဝါး
မှုခင်းများ၏ အန္တရာယ်များ၊ အတွေ့အကြံုများ၊ ပူးပေါင်း ဆောင်ရွက်ရမည့်အချက်များကို
ရှင်းလင်းဆွေးနွေးခဲ့ကြောင်း သိရသည်။
အဆိုပါ သင်တန်းကို သြဂုတ်လ ၃ဝ ရက်မှ စက်တင်ဘာလ ၂ ရက်အထိ လေးရက်ဖွင့်လှစ်သွားမည်
ဖြစ်ပြီး ကမ္ဘာလုံးဆိုင်ရာ စိန်ခေါ်မှုများဖြစ်သည့် နိုင်ငံဖြတ်ကျော်မှုခင်းများအား တားဆီးနှိမ်နင်းရေး
အတွက် ပူးပေါင်းဆောင်ရွက်နိုင်ရေး အသေးစိတ် ဆွေးနွေးပို့ချသွားမည်ဖြစ်ကြောင်း ဖော်ပြထားသည်။










