မြန်မာနိုင်ငံ၏ ဟိုတယ်နှင့်ခရီးသွားလာရေးကဏ္ဍရှိနိုင်ငံခြားရင်းနှီးမြှုပ်နှံမှုဟိုတယ်စီမံကိန်းများအား
အာဆီယံဒေသတွင်းနိုင်ငံများဖြစ်သော စင်ကာပူ၊ ထိုင်းနှင့် ဗီယက်နမ်နိုင်ငံတို့မှ အများဆုံးလာရောက်
ရင်းနှီးမြှုပ်နှံထားကြောင်း ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာန၏ တရားဝင်ထုတ်ပြန်ထားသော
စာရင်းများကို ကိုးကားကာ ပြန်ကြားရေးဝန်ကြီးဌာန၏ လူမှုကွန်ရက်စာမျက်နှာတွင်
စက်တင်ဘာလ ၅ ရက်နေ့က ဖော်ပြထားသည်။
နိုင်ငံခြားရင်းနှီးမြှုပ်နှံထားမှုဟိုတယ်များတွင် နိုင်ငံအလိုက် ရင်းနှီးမြှုပ်နှံထားမှုမှာ စင်ကာပူနိုင်ငံမှ
အမေရိကန် ဒေါ်လာ၁၆၂၄ ဒသမ ၁၉၄၄ သန်းဖြင့် အများဆုံးဖြစ်ပြီး ဒုတိယနေရာတွင် ထိုင်းနိုင်ငံမှ
ရင်းနှီး မြှုပ်နှံမှု အမေရိကန်ဒေါ်လာ ၄၄၅ ဒသမ ၆၃ သန်း၊ တတိယနေရာတွင် ဗီယက်နမ်နိုင်ငံမှ
ရင်းနှီးမြှုပ်နှံ မှု အမေရိကန်ဒေါ်လာ ၄၄ဝ ဒသမ ဝဝ သန်း ဖြစ်ကြောင်းဟိုတယ်နှင့် ခရီးသွားလာရေး
ဝန်ကြီးဌာနမှ သိရသည်။
မြန်မာနိုင်ငံ၏ ဟိုတယ်ခနှင့် ဝန်ဆောင်မှုစျေးနှုန်းများသည် ထိုင်း၊ ဗီယက်နမ်တို့နှင့်ယှဉ်လျှင်
မြင့်မားနေသဖြင့် ဧည့်သည်လာရောက်ရန် အခက်အခဲတစ်ခုဖြစ်နေကြောင်း အင်္ဂလိပ်ဘာသာ
ဧည့်လမ်းညွှန်တစ်ဦးက ပြောကြားခဲ့သည်။
MOI Webportal Myanmar









