သြဂုတ်လ ၂၄ ရက်နေ့တွင် မကွေးတိုင်းဒေသကြီး ချောက်မြို့ အနောက်ဘက် ၁၂ မိုင်ခန့်အကွာကို
ဗဟိုပြု၍ အင်အားရစ်ချ်တာ စကေး ၆ ဒသမ ၈ အဆင့်ရှိ အင်အားပြင်းမြေငလျင်
လှုပ်ခတ်မှုဒဏ်ကြောင့် ထိခိုက်ပျက်စီးခဲ့သော ပုဂံနှင့် ညောင်ဦး ရှေးဟောင်း ယဉ်ကျေးမှုဒေသရှိ
ဘုရား၊ စေတီပုထိုးများကို ပြန်လည်ပြုပြင် ထိန်းသိမ်းရန်အတွက် ပြည်တွင်း/ပြည်ပမှ
အလှူရှင်များအနေဖြင့် အလှူငွေများ လှူဒါန်းနိုင်ကြောင်း ပြန်ကြားရေးဝန်ကြီးဌာန၏
လူမှုကွန်ရက်စာမျက်နှာတွင် စက်တင်ဘာလ ၅ ရက်နေ့က ဖော်ပြထားသည်။
အလှူငွေ လှူဒါန်းလိုသူများသည် ဦးမျိုးတင့်အောင် (ညွှန်ကြားရေးမှူး၊ အုပ်ချုပ်ရေးနှင့် လူ့အရင်းအမြစ်
စီမံခန့်ခွဲမှုဌာနခွဲ)၊ ဝန်ကြီးရုံး(ယဉ်ကျေးမှု)၊ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန၊ နေပြည်တော်၊
ဖုန်း ဝ၆၇-၄ဝ၈ဝ၃၁၊ ဝ၉-၈၆၁၇၃၄၂၊ ဒေါ်ဥမ္မာအောင် (ညွှန်ကြားရေးမှူး၊ ရှေးဟောင်းသုတေသနနှင့်
အမျိုးသားပြတိုက်ဦးစီးဌာန(ရန်ကုန်))၊ ၃၂ D၊ ခြောက်မိုင်ခွဲ၊ ပြည်လမ်း၊ လှိုင်မြို့နယ်၊ ရန်ကုန်မြို့၊
ဖုန်း ဝ၁-၅၁၃၈၉၇၊ ဝ၉- ရ၃ဝ၃ဝ၂၃၈၊ ဝ၉-၅ဝ၆၁၈၃၂၊ ဦးညိုမြင့်ထွန်း (ညွှန်ကြားရေးမှူး၊
ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာန (မန္တလေး))၊ ၂၈ လမ်း x ရဝ လမ်း၊
ချမ်းအေးသာစံမြို့နယ်၊ မန္တလေးမြို့၊ ဖုန်း ဝ၂-၆ဝဝ၅၉၊ ဝ၉-၂ဝ၁၉ဝဝ၄နှင့် ဦးစိုးတင့်၊
(ခရိုင်အုပ်ချုပ်ရေးမှူး၊ ညောင်ဦးခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ညောင်ဦးမြို့)၊
ဖုန်း ဝ၆၁-၆ဝ၂၆၁/၆ဝ၂၆၂၊ ဝ၉-၄၄၂ဝဝ၃ဝ၁၂ တို့သို့ ဆက်သွယ် လှူဒါန်းနိုင်ကြောင်း
ဖော်ပြထားသည်။









