နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် အာဆီယံ ထိပ်သီးအစည်းအဝေးတက်ရောက်ရန် လာအိုနိုင်ငံသို့ ထွက်ခွာ

နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် အာဆီယံ ထိပ်သီးအစည်းအဝေးတက်ရောက်ရန် လာအိုနိုင်ငံသို့ ထွက်ခွာ

နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ခေါင်းဆောင်သော မြန်မာကိုယ်စားလှယ်
အဖွဲ့သည် (၂၈) ကြိမ်မြောက် နှင့် (၂၉) ကြိမ်မြောက် အာဆီယံထိပ်သီး အစည်းအဝေးများနှင့်
ဆက်စပ်ထိပ်သီးအစည်းအဝေးများသို့ တက်ရောက်ရန် လာအိုပြည်သူ့ဒီမိုကရက်တစ်သမ္မတ
နိုင်ငံ၊ ဗီယင်ကျန်းမြို့သို့ အထူးလေယာဉ် ဖြင့် စက်တင်ဘာလ ၆ ရက်နေ့တွင် ရန်ကုန်မြို့မှ ထွက်ခွာသွားကြောင်း နိုင်ငံခြား ရေးဝန်ကြီးဌာန၏ လူမှုကွန်ရက်စာမျက်နှာတွင်
စက်တင်ဘာလ ၆ ရက်နေ့က ဖော်ပြထားသည်။

Ministry of Foreign Affairs Myanmar

ယခု ကျင်းပပြုလုပ်မည့် (၂၈) ကြိမ်မြောက်နှင့် (၂၉) ကြိမ် မြောက် အာဆီယံထိပ်သီး
အစည်းအဝေးများနှင့် ဆက်စပ် ထိပ်သီးအစည်းအဝေးများအပြီးတွင် အာဆီယံအဖွဲ့၏
အလှည့် ကျဥက္ကဌတာဝန်အား လာအိုနိုင်ငံမှ ဖိလစ်ပိုင်နိုင်ငံသို့ လွှဲပြောင်း
ပေးအပ်မည်ဖြစ်ကြောင်း သိရသည်။