အိန္ဒိယနိုင်ငံ ကမ်းခြေစောင့်တပ်ဖွဲ့မှ စစ်ရေယာဉ်နှစ်စင်း ရန်ကုန်မြို့သို့ ချစ်ကြည်ရေးခရီးရောက်ရှိ

အိန္ဒိယနိုင်ငံ ကမ်းခြေစောင့်တပ်ဖွဲ့မှ စစ်ရေယာဉ်နှစ်စင်း ရန်ကုန်မြို့သို့ ချစ်ကြည်ရေးခရီးရောက်ရှိ

အိန္ဒိယနိုင်ငံ ကမ်းခြေစောင့်တပ်ဖွဲ့မှ စစ်ရေယာဉ် ICGS Vishwast နှင့် ICGS Anmol တို့သည်
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံသို့ ချစ်ကြည်ရေး ခရီး လည်ပတ်ရန်အတွက်
စက်တင်ဘာလ ၅ ရက်နေ့တွင် ရန်ကုန်မြို့ သီလဝါဆိပ်ကမ်း MITT တံတားသို့ရောက်ရှိ
လာခဲ့ကြောင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး၏ လူမှုကွန်ရက်စာမျက်နှာတွင်
စက်တင်ဘာလ ၆ ရက်နေ့က ဖော်ပြထားသည်။

အဆိုပါ အိန္ဒိယကမ်းခြေစောင့်စစ်ရေယာဉ်တွင် စစ်ရေယာဉ်မှူး ဗိုလ်မှူးကြီး DIG N Ravi ဦးစီး၍
အရာရှိ ၁၆ ဦး၊ သင်တန်းသား ဗိုလ်လောင်းလေးဦး၊ အခြား အဆင့် ၁၂၅ ဦး၊ စုစုပေါင်း ၁၄၅ ဦး
လိုက်ပါလာပြီး မြန်မာနိုင်ငံတွင် စက်တင်ဘာလ ၉ ရက်အထိ ငါးရက် ကြာနေထိုင်၍ လေ့လာ
လည်ပတ်သွားမည်ဖြစ်ကြောင်း သိရှိရသည်။