ရန်ကုန်အဝေးသင်တက္ကသိုလ်နှင့် မန္တလေးအဝေးသင် တက္ကသိုလ်တို့၏ ၂ဝ၁၆ ပညာသင်နှစ်
ဒုတိယ အသုတ် အနီးကပ်ပို့ချသင်တန်းများကို အောက်တိုဘာ ၁၁ ရက်မှ ၂၁ ရက်အထိနှင့်
အတန်းတင် စာမေးပွဲများကို အောက်တို ဘာ ၂၅ ရက်မှ ၃၁ ရက်အထိ ရန်ကုန်အဝေးသင်
တက္ကသိုလ် နှင့် မန္တလေး အဝေးသင်တက္ကသိုလ်တို့၏ ဌာနခွဲများ၌ ကျင်းပမည်ဖြစ်ကြောင်း
ပြန်ကြားရေးဝန်ကြီးဌာန၏ လူမှုကွန်ရက် စာမျက်နှာတွင် စက်တင်ဘာလ ၉ ရက်နေ့က
ဖော်ပြထားသည်။
ဌာနခွဲအသီးသီးတွင် မှတ်ပုံတင်ထားသည့် အင်္ဂလိပ်စာ၊ ပထဝီဝင်၊ ဒဿနိက ဗေဒ၊ စိတ်ပညာ၊
ဥပဒေ ပညာ၊ အရှေ့တိုင်း ပညာ အထူးပြုများ၏ ပထမနှစ်၊ ဒုတိယနှစ်၊ တတိယနှစ်၊ စတုတ္ထနှစ်နှင့်
ပ ဉ္စမနှစ် ဥပဒေပညာကျောင်းသားကျောင်းသူများ သည် မိမိတို့နှင့် သက်ဆိုင်ရာဌာနခွဲများ တည်ရှိသည့်
တက္ကသိုလ်၊ ဒီဂရီကောလိပ်၊ ကောလိပ်များတွင် အနီးကပ်ပို့ချသင်တန်းများ တက်ရောက်ပြီး အဆိုပါ
ဌာနခွဲ များတွင် စာမေးပွဲဖြေဆိုကြရ မည်ဖြစ်ကြောင်း၊ တတိယအသုတ် အနီးကပ်ပို့ချသင်တန်းများကို
နိုဝင်ဘာ ၃ ရက်မှ ၁၂ ရက် အထိနှင့် အတန်းတင်စာမေးပွဲ များကို နိုဝင်ဘာ ၁၇ ရက်မှ ၂၅ ရက်အထိ
ရန်ကုန်အဝေးသင် တက္ကသိုလ်နှင့် မန္တလေးအဝေးသင်တက္ကသိုလ်တို့၏ ဌာနခွဲများ၌ ကျင်းပမည်
ဖြစ်ကြောင်း သိရသည်။
ဌာနခွဲအသီးသီးတွင် မှတ်ပုံတင်ထားသည့် မြန်မာစာ၊ သမိုင်း၊ စီးပွားရေး၊ စီးပွားစီမံ အထူးပြုများ၏ ပထမနှစ် ကျောင်းသား ကျောင်းသူများနှင့် မြန်မာစာ၊ မြန်မာမှု၊ ရသစာပေ အရေးအသား၊
သမိုင်း၊ စီးပွားရေး၊ ပြည်သူ့ရေးရာ၊ အိမ်တွင်းစီးပွား၊ စီးပွားစီမံ အထူးပြုများ၏ ဒုတိယနှစ်၊
တတိယနှစ်နှင့် စတုတ္ထနှစ်ကျောင်းသား ကျောင်းသူများသည် မိမိတို့နှင့် သက်ဆိုင်ရာဌာနခွဲများ
တည်ရှိ သည့် တက္ကသိုလ်၊ ဒီဂရီကောလိပ်၊ ကောလိပ်များတွင် အနီးကပ် ပို့ချသင်တန်းများ
တက်ရောက်ပြီး အဆိုပါ ဌာနခွဲများတွင် စာမေးပွဲ ဖြေဆိုကြရမည်ဖြစ်ကြောင်းနှင့် အသေးစိတ်
အစီအစဉ်ကို ရန်ကုန် အဝေးသင်တက္ကသိုလ်၊ မန္တလေးအဝေးသင်တက္ကသိုလ်နှင့် သက်ဆိုင်ရာ
ဌာနခွဲများတည်ရှိရာ တက္ကသိုလ်၊ ဒီဂရီ ကောလိပ်၊ ကောလိပ်များ၌ ကြေညာထားမည်ဖြစ်ကြောင်း
ဖော်ပြထားသည်။









