ရန်ကုန်မြို့၏ မြို့ဝင်/ထွက်နေရာပေါင်း ၂၀ တွင် ကင်မရာများပါဝင်သော Check-Point System
မီးပွိုင့်များ တပ်ဆင်မည်ဖြစ်ကြောင်း တိုင်းဒေသကြီး အမှတ်(၂) ယာဉ်ထိန်းတပ်ဖွဲ့ခွဲ ဒုတိယရဲမှူးကြီး
အောင်ကိုဦးက ပြောကြားခဲ့သည်ကို ကိုးကားကာ ပြန်ကြားရေးဝန်ကြီးဌာန၏ လူမှုကွန်ရက်စာမျက်နှာတွင်
စက်တင်ဘာလ ၁၂ ရက်နေ့က ဖော်ပြထားသည်။
ရန်ကုန်မြို့၏ မြို့ဝင်/ထွက်နေရာ ၂၀ မှာ စစ်ဆေးမှုများ ပြုလုပ်နိုင်သော hJCheck-Point System
မီးပွိုင့်များ တပ်ဆင်သွားရန် တိုင်းဒေသကြီးအစိုးရကို တင်ပြထားပြီးဖြစ်ကြောင်း၊ လေဆိပ်အဝင်၊
အထွက်နေရာများ၊ အဝေးပြေးကားဂိတ်ကဲ့သို့ နေရာများတွင် တပ်ဆင်မည်ဖြစ်ကြောင်း၊ အဆိုပါ
မီးပွိုင့်များတွင် ကင်မရာများ တပ်ဆင်ထားမည်ဖြစ်ကြောင်း ယာဉ်ထိန်းရုံးစာနယ်ဇင်းရှင်းလင်းပွဲတွင်
၎င်းက ပြောကြားခဲ့သည်။
အဆိုပါစစ်ဆေးရေးမီးပွိုင့်များသည် ရန်ကုန်မြို့သို့ ဝင်ရောက်လာသော မော်တော်ယာဉ်များကို
လုံခြုံရေးအရ စစ်ဆေးမှုများပြုလုပ်ပေးနိုင်မည်ဟုဖော်ပြထားသည်။လက်ရှိတွင် ရန်ကုန်မြို့၌
ခေတ်မီ မီးပွိုင့် ၁၅၄ ခု တပ်ဆင်လျက်ရှိရာ ရ၇ ခု ပြီးစီးကာ ၈၇ ခု ကျန်ရှိ နေကြောင်း၊ စောင့်ကြည့်
သတင်းပို့စနစ်နေရာ ၄၀ နှင့် ယာဉ်ကြောရှင်းအသိပေးစနစ်နေရာ ၃၀ တို့ အပါအဝင် ခေတ်မီ
မီးပွိုင့်များတွင် စုစုပေါင်း ကင်မရာအလုံး ရ၉၆ လုံး တပ်ဆင်မည်ဖြစ်ကြောင်း၊ Drone ကင်မရာ
အလုံး ၂၀ ကိုလည်း တပ်ဆင်သွားမည် ဖြစ်ကြောင်း၊ လုပ်ငန်းများ အမြန်ဆုံး ပြီးစီးရေး
တွန်းအားပေးဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ ခေတ်မီမီးပွိုင့်များ တပ်ဆင်ပြီးစီးပါက
နက္ခတ် တာရာပြခန်းအနီး တည်ဆောက်လျက်ရှိသည့် ဗဟိုထိန်းချုပ်ရေးစင်တာမှ ရန်ကုန်မြို့၏
ယာဉ်ကြော ရှင်းလင်းရေးစနစ်ကို ဆောင်ရွက်နိုင်မည်ဖြစ်ကြောင်း သိရသည်။
MOI Webportal Myanmar










