နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ဗြိတိန်နိုင်ငံအောက်လွှတ်တော်ဥက္ကဋ္ဌနှင့် တွေ့ဆုံ

နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ဗြိတိန်နိုင်ငံအောက်လွှတ်တော်ဥက္ကဋ္ဌနှင့် တွေ့ဆုံ

ဗြိတိန်နိုင်ငံ၊ လန်ဒန်မြို့၌ ရောက်ရှိနေသော နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်
ဒေါ်အောင်ဆန်းစုကြည်သည် ဗြိတိန်နိုင်ငံ အောက်လွှတ်တော် ဥက္ကဋ္ဌ
Rt. Hon. John Bercow နှင့် Palace of Westminster ၌ တွေ့ဆုံခဲ့ကြောင်းပြန်ကြားရေး
၀န်ကြီးဌာန၏ လူမှုကွန်ရက်စာမျက်နှာတွင် စက်တင်ဘာလ ၁၂ ရက်နေ့က ဖော်ပြထားသည်။

တွေ့ဆုံပွဲတွင် မြန်မာနိုင်ငံ၌ ငြိမ်းချမ်းရေး၊ အမျိုးသားပြန်လည် စည်းလုံးညီညွတ်ရေးရရှိရန်
ကြိုးပမ်း ဆောင်ရွက်နေမှု၊ ရခိုင် ပြည်နယ်အရေးကိစ္စနှင့် ပတ်သက်၍ မြန်မာအစိုးရ၏
ဆောင်ရွက်နေမှုများနှင့် စပ်လျဉ်း၍ ဆွေးနွေးခဲ့ကြသည်။

ထို့နောက် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်သည် Royal College of Defence Studies (RCDS) သို့
သွားရောက်လေ့လာခဲ့ပြီး RCDS တွင် ပညာသင်ကြားလျက်ရှိသည့် ကာကွယ်ရေး ၀န်ကြီးဌာနမှ ဗိုလ်မှူးကြီးအောင်မြင့်ဦးနှင့် မြန်မာနိုင်ငံ ငြိမ်းချမ်းရေးကော်မရှင်၊အထောက် အကူပြုအဖွဲ့မှ အဖွဲ့ဝင်
ဦးမိုးဇော်ဦးတို့အပါအဝင် ဗြိတိန်နှင့် နိုင်ငံတကာမှ သင်တန်း သား/သင်တန်းသူများအား
တွေ့ဆုံခဲ့ကြောင်း သိရသည်။

နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်အား ဗြိတိန်နိုင်ငံ၊ နိုင်ငံခြားရေး ၀န်ကြီး မစ္စတာဘောရစ်
ဂျွန်ဆင်က လန်ကတ်စတာအိမ်တော်၌ နေ့လယ်စာဖြင့် တည်ခင်းဧည့်ခံခဲ့ပြီး နေ့လယ်စာ
သုံးဆောင်နေ စဉ်အတွင်း နှစ်နိုင်ငံဆက်ဆံရေး တိုးမြှင့်ဆောင်ရွက်နိုင်မည့် နည်လမ်းများ၊
မြန်မာနိုင်ငံ၌ ဗြိတိန်နိုင်ငံမှ စီးပွားရေး၊ ရင်းနှီးမြုပ်နှံ မှုပိုမိုပြုလုပ်နိုင်မည့် အခွင့်အလမ်းများနှင့်
စိုက်ပျိုးရေး၊ ကျန်မာရေး၊ ပညာရေးကဏ္ဍများတွင် ပူးပေါင်းဆောင်ရွက်မှုမြှင့်တင်နိုင်ရေးတို့ကို အမြင်ချင်းဖလှယ်ဆွေးနွေးခဲ့ကြကြောင်း ဖော်ပြထားသည်။