အမြန်လမ်းတွင် သတ်မှတ်အရှိန်လွန်မောင်းနှင်သော ယာဉ်မောင်းများ ပေးဆောင်သည့် ဒဏ်ငွေကို နိုင်ငံတော်အခွန်ဘဏ္ဍာအဖြစ် အပ်နှံလျက်ရှိ

အမြန်လမ်းတွင် သတ်မှတ်အရှိန်လွန်မောင်းနှင်သော ယာဉ်မောင်းများ ပေးဆောင်သည့် ဒဏ်ငွေကို နိုင်ငံတော်အခွန်ဘဏ္ဍာအဖြစ် အပ်နှံလျက်ရှိ

အမြန်လမ်းတွင် သတ်မှတ်အရှိန်လွန်မောင်းနှင်သော ယာဉ်မောင်းများ ပေးဆောင်သည့် ဒဏ်ငွေကို နိုင်ငံတော်အခွန်ဘဏ္ဍာအဖြစ် မြန်မာ့စီးပွားရေးဘဏ်(နေပြည်တော်)သို့
ပေးသွင်းအပ်နှံလျက်ရှိ ကြောင်း ပြန်ကြား ရေးဝန်ကြီးဌာန၏ လူမှုကွန်ရက်စာမျက်နှာတွင်
စက်တင်ဘာ ၁၃ ရက် က ဖော်ပြထားသည်။

အမြန်လမ်းမကြီးတစ်လျှောက် သတ်မှတ်အရှိန်လွန်မောင်းနှင်သော မော်တော်ယာဉ်များကို
နေပြည်တော်၊ ဇမ္ဗူသီရိမြို့နယ် မော်တော်ယာဉ် တရားရုံးသို့ တရားစွဲတင်ပို့ကာ မော်တော်
ယာဉ်ဥပဒေ ၄၉(က) အရ သတ်မှတ်အမြန်နှုန်းထက် ကျော်လွန်မောင်းနှင်ခြင်း၊ သတ်မှတ်
အမြန် နှုန်းအောက်လျော့၍ မောင်းနှင်ခြင်း၊ တားမြစ်ချက်အား ကျူးလွန်ပါက ပုဒ်မ (၅၈)
(က)အရ ကျပ် (၅)သောင်းထက် မပိုသော ဒဏ်ငွေကို တရားသူကြီးက ချမှတ်ဆောင်ရွက်
လျက်ရှိကြောင်း၊ ပြစ်မှုကျူးလွန်သော ယာဉ်မောင်းများမှ ပေးဆောင်သော ဒဏ်ငွေများအား
တရား သူကြီးက မြန်မာ့စီးပွားရေးဘဏ် (နေပြည်တော်)ရှိ ဇမ္ဗူသီရိမြို့နယ် တရားရုံးငွေစာရင်း
ခေါင်းစဉ်သို့ နိုင်ငံတော်၏ အခွန်ဘဏ္ဍာငွေအဖြစ် နေ့ချင်းပြီး ပေးသွင်းအပ်နှံလျက်ရှိကြောင်း
အမြန်လမ်းရဲတပ်ဖွဲ့မှ ရဲမှူး ရန်နိုင်ဝင်းက ပြောကြားခဲ့သည်။

ထိုအပြင် အမြန်လမ်းရဲတပ်ဖွဲ့နှင့် ဇမ္ဗူသီရိမော်တော်ယာဉ်တရားရုံး အနေဖြင့် ဒဏ်ကြေးငွေများကို လက်ဝယ်ထားရှိအသုံးပြုခြင်းမရှိသည့် အပြင် အမြန်လမ်းမကြီးရဲတပ်ဖွဲ့၏
ဖမ်းဆီးရေးဆောင်ရွက်နေသော အဖွဲ့များအနေဖြင့်လည်း ယာဉ်မောင်းများမှ
ဒဏ်ကြေးငွေပေးဆောင် ခြင်းကို လုံးဝလက်ခံ ဆောင်ရွက်ပေးခြင်း မရှိကြောင်း၊
ပြစ်မှုကျူးလွန် သော ယာဉ်မောင်းများအနေဖြင့် သက်ဆိုင်ရာ နယ်မြေ ယာဉ်စည်းကမ်း လမ်းစည်းကမ်းမော်တော်ယာဉ်တရားရုံးများတွင်သာ တရားရင်ဆိုင် ပြစ်ဒဏ်စီရင်ခံ
ရမည်ဖြစ်ကြောင်း ၄င်းက ဆက်လက်ပြောကြားခဲ့သည်။

ရန်ကုန်-မန္တလေး အမြန်လမ်းမကြီးတစ်လျှောက် သတ်မှတ်အရှိန်လွန် မောင်းနှင်မှုကြောင့်
ယာဉ်မတော် တဆမှု ကင်းရှင်းလျော့ပါးရေးအတွက် RADAR SYSTEM နှင့် GPS စနစ်သုံး
အရှိန်နှုန်းတိုင်းတာစက် များ အသုံးပြုကာ မော်တော်ယာဉ်များ သတ်မှတ်ကီလိုအတွင်း
မောင်းနှင်မှု ရှိ/မရှိကို နေ့စဉ်နံနက်(၇) နာရီမှ ညနေ (၅) နာရီအထိ တိုင်းတာစစ်ဆေး
ဖမ်းဆီးဆောင်ရွက်လျက်ရှိပြီး မကြာမီ ညပိုင်းတွင်ပါ ဖမ်းဆီးဆောင်ရွက်သွားမည်
ဖြစ်ကြောင်း သိရသည်။