ခရီးသွားဧည့်သည်နှင့် ဟိုတယ်၊ မိုတယ်များမှ အခန်းအရေ အတွက်နှိုင်းယှဉ်ချက်အရ
အခန်းအရေအတွက်က ထက်ဝက် ကျော်များနေသဖြင့် မြို့ကြီးသုံးမြို့တွင် တည်ဆောက်ခွင့်ကြီးကြပ်
တားမြစ်ခြင်းဖြစ်ကြောင်း ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာန ညွှန်ကြားရေးမှူး
ဦးမြင့်ထွေးက ပြောကြားခဲ့သည်ကို ကိုးကားကာ ပြန်ကြားရေးဝန်ကြီးဌာန၏
လူမှုကွန်ရက်စာမျက်နှာတွင် စက်တင်ဘာ ၁၄ ရက်နေ့က ဖော်ပြထားသည်။
အဆိုပါမြို့သုံးမြို့မှာ ရန်ကုန်၊ မန္တလေးနှင့် တောင်ကြီးဒေသတို့ဖြစ်ပြီး တစ်နိုင်ငံလုံးရှိ
ဟိုတယ်၊ မိုတယ်များအား တည်ဆောက်ခွင့်ရပ်ဆိုင်း ခြင်းမဟုတ်ဘဲ ကြီးကြပ်
ထားခြင်းဖြစ်ကြောင်း၊ အဆိုပါဒေသများရှိ ဒေသတွင်း ဟိုတယ်၊ မိုတယ်အခန်း
အရေအတွက်မှာ ဝင်ရောက်သည့် ဧည့်သည်အရေအတွက်ထက် ထက်ဝက်ကျော်
ပိုနေကြောင်းကို ငှားရမ်း ရသည့် အခန်းအရေအတွက်နှင့် ဧည့်သည်ဝင်ရောက်မှုတို့ကို
စစ်တမ်း ကောက်ယူလေ့လာခဲ့ရာမှ သိခဲ့ရကြောင်း၊ ဝင်ရောက်လာသည့် ဧည့်သည်နှင့်
အခန်း မျှတ အောင် ဆောင်ရွက်ခြင်းဖြစ်ပြီး အမှန်တကယ် လိုအပ်ချက်အရ
ထပ်မံဆောက်လုပ်ရမည်ဆိုပါက တိုင်းဒေသကြီးနှင့် ပြည်နယ်အစိုးရများ၏
စိစစ်ထောက်ခံပေးရမည်ဖြစ်ကြောင်း ၎င်းက ပြောကြားခဲ့သည်။
ကောက်ယူခဲ့သည့် စာရင်းများအရ ရန်ကုန်မြို့တွင် ဝင်ရောက်လာသည့် ဧည့်သည်
အရေအတွက်နှင့် အခန်းငှားရမ်းမှုရာခိုင်နှုန်းမှာ ၅၄ ရာခိုင်နှုန်း ငှားရမ်းရပြီး ၄၆ ရာခိုင်နှုန်း
ပိုနေကြောင်း၊ မန္တလေးတွင် အခန်းငှားရမ်းမှု ၅၁ ရာခိုင်နှုန်းရှိပြီး ၄၉ ရာခိုင်နှုန်းပိုနေကြောင်း၊
ညောင်ရွှေတွင် ၂၈ ရာခိုင်နှုန်း၊ တောင်ကြီးတွင် ၄၃ ရာခိုင်နှုန်း၊ ကလောတွင် ၁၈ ရာခိုင်နှုန်းသာ
ငှားရမ်းရကြောင်း၊ ၂၀၁၅ ဒီဇင်ဘာလအထိ ဟိုတယ်၊ မိုတယ်စာရင်းများအရ
တစ်နိုင်ငံလုံး၌ ဟိုတယ် ၁၂၅၀ ကျော် အခန်းပေါင်း ၄၃၀၀၀ ကျော်ရှိကြောင်း သိရသည်။









