နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်ကို The 2016 Harvard Humanitarian of the Year ဆု ချီးမြှင့်မည်

နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်ကို The 2016 Harvard Humanitarian of the Year ဆု ချီးမြှင့်မည်

စက်တင်ဘာလ ၁၇ ရက်နေ့၊ ဒေသစံတော်ချိန် ညနေ ၅ နာရီတွင် ဟားဗတ်ဖောင်ဒေးရှင်းမှ
နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင် ဆန်းစုကြည်အား The 2016 Harvard
Humanitarian of the Year ဆု ချီးမြှင့်မည်ဖြစ်ကြောင်း နိုင်ငံတော်အတိုင်ပင်ခံ
ပုဂ္ဂိုလ်ရုံး၏ လူမှုကွန် ရက်စာမျက်နှာတွင် စက်တင်ဘာလ ၁၄ ရက်နေ့က ဖော်ပြထားသည်။

ဟားဗတ်တက္ကသိုလ်၊ ဟားဗတ်ဖောင်ဒေးရှင်းအနေဖြင့် လူသားများ၏ ဘဝနေထိုင်မှု
တိုးတက်လာရေး၊ ကောင်းမြတ်သော ကျင့်ကြံမှုများကို အားကျလေးစားလာစေရေးအတွက် ကြိုးပမ်းဆောင်ရွက်ခဲ့ကြသူများကို ရွေးချယ်ကာ The Harvard Humanitarian of the Year ဆုကို
နှစ်စဉ်ချီးမြှင့်လာခဲ့ခြင်းဖြစ် ကြောင်း၊ မာတင်လူသာကင်းစီနီယာ၊ ဒက်စ်မွန်တူးတူး၊
ဘင်ယာမင်ဟုခ် စသည့် ပုဂ္ဂိုလ်ကြီးများကိုလည်း ချီးမြှင့်ခဲ့ကြောင်း သိရသည်။

၂၀၁၃ ခုနှစ်တွင် မာလာလာ၊ ၂၀၁၄ ခုနှစ်တွင် ကုလသမဂ္ဂအထွေထွေ
အတွင်းရေးမှူးချုပ် ဘန်ကီမွန်း၊ ၂၀၁၅ ခုနှစ်တွင် နိုဗယ်လ်ဆုရှင်
Kailash Satyarthi တို့ ရရှိခဲ့ကြပြီး ယခုနှစ်တွင် မြန်မာနိုင်ငံမှ
နိုဗယ်လ်ဆုရှင် နိုင်ငံ တော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်အား
ချီးမြှင့်မည်ဖြစ်ကြောင်း ဖောြ်ပထားသည်။