ဘိုကလေးမြို့နယ်တွင် ရေငုပ်၍ ခရုကောက်သူတစ်ဦး မိကျောင်းဆွဲခံရ၍ သေဆုံးခဲ့

ဘိုကလေးမြို့နယ်တွင် ရေငုပ်၍ ခရုကောက်သူတစ်ဦး မိကျောင်းဆွဲခံရ၍ သေဆုံးခဲ့

ဧရာဝတီတိုင်းဒေသကြီး ဘိုကလေးမြို့နယ်တွင် ရေငုပ်၍ ခရုကောက်သူတစ်ဦး မိကောျင်းဆွဲခံရသဖြင့် သေဆုံးခဲ့ကြောင်း ပြန်ကြားရေးဝန်ကြီးဌာန၏ လူမှုကွန်ရက်
စာမျက်နှာ တွင် စက်တင်ဘာလ ၁၄ ရက် က ဖော်ပြထားသည်။

ဧရာဝတီတိုင်းဒေသကြီး၊ ဘိုကလေးမြို့နယ်၊ ဆတ်ကျွန်းကျေးရွာ အုပ်စု၊ မြင်းကအုပ်ကျေးရွာ
ငါးပိ ချောင်းရေကျော်ချောင်းအနီး တွင် နေထိုင်ပြီး လယ်ယာလုပ်ငန်းနှင့် တစ်နိုင်
တစ်ပိုင်ဘဲမွေးမြူ သူ ကိုမျိုးထွန်း (၄ဝ)နှစ်သည် စက်တင်ဘာ ၁၂ ရက်က ဘဲစာ
ကျွေးရန်အတွက် ချောင်းအတွင်း ရေငုပ်ကာ ခရု ကောက်နေစဉ် မိကျောင်းတစ်ကောင်ကိုက်ချီဆွဲယူသွားခြင်းကြောင့် သေဆုံးခဲ့ ကြောင်း သိရသည်။

ချောင်းထဲတွင် ဘဲကျောင်းလှေတစ်စင်းကိုသာ တွေ့ရပြီး ကိုမျိုးထွန်း ပျောက်နေသဖြင့်
ရေထဲတွင် လိုက်ရှာကြည့်သောအခါ ဒဏ်ရာများ နှင့် ကိုမျိုးထွန်းအလောင်းကို
တွေ့ခဲ့ရကြောင်း မြင်းကအုပ် ရွာသား ကိုမျိုးဝင်းက ရှင်းပြခဲ့သည်။ ကိုမျိုးထွန်းမှာ
ညာလက်မောင်း၊ ညာရင် စို့၊ ရင်ဘတ်၊ ညာလည်ပင်းအောက်ညှပ်ရိုးနှင့် ကျောညာဘက်တို့ တွင် မိကျောင်းကိုက်ဒဏ်ရာကုတ်ရာများနှင့် သေဆုံးခဲ့ခြင်းဖြစ်သည်။

ယခင်က ချောင်းကျယ်များတွင်သာ မိကျောင်းများကို တွေ့ရပြီး ရေတိမ်ကာ
အလွန်ကျဉ်းသည့် ရေ ကျော်ချောင်းကဲ့သို့ ချောင်းများတွင် မိကျောင်း များကို
မတွေ့ရသော်လည်း ယခုအခါ အဆိုပါဖြစ်စဉ်မျိုး မကြာခဏ ဖြစ်ပွားနေသဖြင့်
ရေလုပ်ငန်းလုပ်ကိုင်သူများ၊ ဘဲမွေးသူများ၊ ကဏန်း ထောင်စားသူများမှာ
မလုပ်ကိုင်ရဲဖြစ်နေကြသည်။

ယခုရာသီတွင် မိကျောင်းအမများ ဥဥကြပြီး အသိုက်ဆောက်သား ပေါက်ချိန်ဖြစ်၍
ရန်လိုနေသည့်အချိန်လည်းဖြစ်သည့်အတွက် ဘိုကလေးမြို့နယ်အတွင်း
ချောင်းစပ်ကျေးရွာများတွင် မိကျောင်းကိုက်ချီမှုမှာ နှစ်စဉ်ဖြစ်ပွားလျက် ရှိပြီး
ချောင်းမြောင်းများ အနီးအနားတွင် သတိထားနေထိုင်ရန် အသိ ပေးထားသည်ဟု
ဆိုသည်။