ဗီယက်နမ်နိုင်ငံမှ ကလေးငယ် BiBo လေးနှင့် ၄င်း၏ မိခင်သည် စက်တင်ဘာ ၁၄ ရက်တွင်
မြန်မာနိုင်ငံသို့ ရောက်ရှိလာရာ ကလေးချစ်သူများက ကြိုဆိုခဲ့ကြကြောင်း ပြန်ကြားရေးဝန်ကြီးဌာန၏
လူမှုကွန်ရက်စာမျက်နှာ တွင် စက်တင်ဘာ ၁၅ ရက်နေ့က ဖော်ပြထားသည်။
Bibo လေးနှင့် သူ့မိခင်သည် စက်တင်ဘာ ၁၄ ရက် ညနေပိုင်းတွင်ရွှေတိဂုံဘုရားသို့ လာရောက်
ဖူးမြော်ခဲ့ပြီး မြန်မာဝတ်စုံပုဆိုးဝတ်ဆင်ထားသည့် Bibo လေး၏ အမူအရာများကို ဗီဒီယိုမှတ်တမ်း
ရိုက်ကူးခဲ့သည်။
စက်တင်ဘာ ၁၅ ရက် နံနက် ၉ နာရီတွင် MRTV-4 မင်္ဂလာပါအစီအစဉ်တွင် ပါဝင်ခဲ့ပြီး
မွန်းတည့် ၁၂ နာရီတွင် ကရဝိက်နန်းတော်၌ သူ့ကိုချစ်သည့် ပရိသတ်များနှင့် တွေ့ဆုံသွားမည်ဟု
သိရသည်။Bibo Salman ခေါ် Le Salman လေးကို ၂ဝ၁၅ ခုနှစ် မတ်လ ၂ ရက်တွင် မွေးဖွားခဲ့ပြီး
ယခုအခါတွင် အသက် တစ်နှစ်ခွဲခန့်ပေါင်ချိန် ၄၅ပေါင်အရွယ်ရှိသည့် ကလေးငယ်တစ်ဦးဖြစ်သည်။
အသက်ကိုးလအရွယ်မှ စတင်ကာ ၄င်း၏ ချစ်စဖွယ်အမူအရာလေးများကို ဖေ့စ်ဘွတ်ခ်
စာမျက်နှာပေါ်တွင် အမှတ်တရဓာတ်ပုံရိုက်တင်ရာမှ ကလေးချစ်သူများအကြား
ရေပန်းစားလာခဲ့ခြင်းဖြစ်သည်။
- MOI Webportal Myanmar










