မွန်ရိုးရာ ဆွမ်းတော်တစ်ထောင် တင်လှူပူဇော်ပွဲ ကျင်းပ

မွန်ရိုးရာ ဆွမ်းတော်တစ်ထောင် တင်လှူပူဇော်ပွဲ ကျင်းပ

 

နှစ်စဉ် တော်သလင်းလပြည့်နေ့တိုင်း ကျင်းပလေ့ရှိသော မွန်ရိုးရာ ဆွမ်းတော်
တစ်ထောင်တင်လှူ ပူဇော်ပွဲကို မွန်ပြည်နယ်၊ ပေါင်မြို့နယ်အတွင်းရှိ မွန်ဘုန်းကြီးကျောင်းများတွင်
ကျင်းပခဲ့ကြောင်း မြဝတီသတင်းတစ်ရပ်တွင် စက်တင်ဘာလ ၁၆ ရက်နေ့က ဖော်ပြထားသည်။

တော်သလင်းလပြည့်နေ့တွင် မွန်ပြည်နယ်ရှိ မွန်ဘုန်းတော်ကြီးကျောင်းတို့တွင် မိမိတို့
တတ်စွမ်းသမျှ လုုပ်အားဖြင့်သော်လည်းကောင်း၊ အလှူငွေအားဖြင့်သော်လည်းကောင်း
သဘောင်္တစ်စီး တည်ဆောက်ကာ ဆွမ်း၊ တံခွန်၊ ကုက္ကကား၊ ပန်း၊ နံ့သာ၊ သစ်သီး၊ ကွမ်း၊
ဆီမီး စသော အမျိုးအမည်တစ်ထောင်မကသော လှူဖွယ်ဝတ္ထုအမျိုးမျိုးတို့ဖြင့် အဆိုပါသဘောင်္၏
ကုန်းပတ်ပေါ်တွင် စုပေါင်းထည့်ပြီး နံနက်အာရုံချိန်တွင် တင်လှူပူဇော်ကာ သီလခံယူကုသိုလ်ပြပြီး
သဘောင်္ငယ်ဖြင့် တံခွန်အမျိုးမျိုး ပန်းအမျိုးမျိုး မြစ်ပြင်ထဲ လွှတ်ချပူဇော်ကြခြင်းဖြစ်သည်။

ကောင်းမွန်သော အစဉ်အလာတစ်ရပ်ဖြစ်သည့် ဆွမ်းတော်တစ်ထောင်တင်လှူပွဲကြီးကို
မွန်ပြည်နယ်အတွင်းရှိ မွန်လူမျိုးအများဆုံးနေထိုင်သော ရပ်ကွက်ကျေးရွာများတွင် ကျင်းပလျက်ရှိပြီး
တော်သလင်း လပြည့်နေ့နံနက်တွင်လည်း စတုမဓုဆွမ်းလောင်းလှူပွဲလည်း ကျင်းပလေ့ရှိကြောင်း
သိရသည်။

- The Myawady Daily