မြန်မာနိုင်ငံနှင့် တရုတ်နိုင်ငံတို့ ၂၅ ရာခိုင်နှုန်းခန့် ကုန်သွယ်မှုပြုလုပ်လျက်ရှိသည့် မူဆယ်မြို့၌
တည်ဆောက်လျက်ရှိသော ဗဟိုစီးပွားရေးဇုန်စီမံကိန်းတည်ဆောက်ရေးလုပ်ငန်းများမှာ
၈ဝ ရာခိုင်နှုန်းခန့် ပြီးစီးနေပြီ ဖြစ်ရာ ၂ဝ၁၈ ခုနှစ်တွင် အပြီးသတ်ဖွင့်လှစ်သွားမည်ဖြစ်ကြောင်း
စီမံကိန်းကို အကောင်အထည်ဖော်ဆောင်ရွက်နေသည့် နယူးစတားလိုက်ကုမ္ပဏီမှတာဝန်ရှိသူ
တစ်ဦး၏ ပြောကြားချက်ကို ကိုးကားကာမြဝတီသတင်းတစ်ရပ်တွင်
စက်တင်ဘာလ ၁၅ ရက်နေ့က ဖော်ပြထားသည်။
စီမံကိန်းအားလုံးကို ၂ဝ၁၈ ခုနှစ်ခန့်တွင် ပြီးစီးရန်ခန့်မှန်းထားကြောင်း၊ လက်ရှိတွင်
လူနေဆိုင်ခန်းများကို ဧရာဝတီဘဏ်နှင့် ချိတ်ဆက်ကာ ခြောက်နှစ်အရစ်ကျငွေချေစနစ်ဖြင့်
ရောင်းချပေးလျက်ရှိရာ၆ဝ ရာခိုင်နှုန်းရောင်းချထားပြီးဖြစ်ကြောင်း ၄င်းကပြောကြားခဲ့သည်။
စီးပွားရေးအချက်အချာကျသော မူဆယ်ဗဟိုစီးပွားရေးဇုန်စီမံကိန်းသည် ရှမ်းပြည်နယ် (မြောက်ပိုင်း)
မူဆယ်မြို့နှင့် မြန်မာ-တရုတ်နယ်စပ်အနီး ရွှေလီမြစ်ဝှမ်း၌ တည်ရှိပြီး အဆိုပါစီမံကိန်းကို
ရှမ်းပြည်နယ် အစိုးရအဖွဲ့ဒေသန္တရဖွံ့ဖြိုးရေးစီမံကိန်းကော်မတီနှင့် နယူးစတားလိုက်ဆောက်လုပ်ရေး
ကုမ္ပဏီလီမိတက်တို့ အကျိုးတူပူးပေါင်းဆောင်ရွက်ခြင်းဖြစ်ကြောင်း၊ အဆိုပါစီမံကိန်းတစ်ခုလုံးကို
စုစုပေါင်းမြေ ၂၉၄ ဒသမ ရ၈၉ ဧကပေါ်တွင် ဇုန် ၆ ခြောက်ဇုန်ဖြင့် အကောင်အထည်ဖော်နေခြင်း
ဖြစ်ပြီး ဇုန်၁၊ ၂၊ ၃ ကို စီးပွားရေးဇုန်အဖြစ် သတ်မှတ်ထားကာ ဇုန် ၄၊၅၊ ၆ ကို လူနေဇုန်အဖြစ်
သတ်မှတ်တည်ဆောက်နေခြင်းဖြစ်ကြောင်း သိရသည်။
- The Myawady Daily










