မြန်မာနိုင်ငံ တစ်ဝန်းလုံး၌ စာမတတ်သူသုံးသန်းကျော်ရှိနေသေးသောကြောင့် ၂၁ ရာစုအတွင်း
စာမတတ်သူမရှိစေရန်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း စာတတ်မြောက်ရေးနှင့်ဒေသဖွံ့ဖြိုးမှု
ကူညီရေး အဖွဲ့ ဒုတိယဥက္ကဋ္ဌ ဦးအောင်ကြည်ညွန့်၏ ပြောကြားချက်ကို ကိုးကားကာ
မြဝတီသတင်းတစ်ရပ်တွင် စက်တင်ဘာ ၁၅ ရက်နေ့တွင် ဖော်ပြထားသည်။
မြန်မာနိုင်ငံ၌ စာမတတ်သူမရှိစေရေးအတွက် ၂ဝ၁၃ ခုနှစ်မှ စတင်၍ အသုံးလုံးလုပ်ငန်းကို
နိုင်ငံ တော်အစိုးရခွင့်ပြုငွေဖြင့်ဆောင်ရွက်လျက်ရှိပြီး စီမံကိန်းအရ ကယားပြည်နယ်တစ်ခုလုံးကို
စာတတ် မြောက်ရေး လှုပ်ရှားမှုများ ဆောင်ရွက်မည်ဖြစ်ကြောင်း သိရသည်။ စာမတတ်သူ
သုံးသန်းကျော်ခန့် ရှိနေသေးသည့်အတွက် ၂၁ ရာစုအတွင်း အပြီးလုပ်ဆောင်သွားမည်
ဖြစ်ကြောင်း၊ ယခုနှစ်တွင် ကယားပြည်နယ်တစ်ခုလုံး ပြည်နယ်လုံးကျွတ်စာတတ်မြောက်ရေး
လုပ်ဆောင်သွားမည်ဟု ကြေညာထားကြောင်း ဦးအောင်ကြည်ညွန့်က ပြောကြားခဲ့သည်။
မြန်မာနိုင်ငံတစ်ဝန်းရှိ စာမတတ်သေးသူများအတွက် စာတတ်မြောက်ရေးလုပ်ငန်းများ
ဆောင်ရွက်ရာတွင် နှစ်စဉ် စာသင်သားများအတွက် ကျောင်းသုံးပုံနှိပ်စာအုပ်များနှင့်
ဗလာစာအုပ်များ ဝေငှခြင်း၊ တိုးချဲ့မြို့နယ်များ သတ်မှတ်ပြီး အ-သုံးလုံးလုပ်ငန်းများကို
နိုင်ငံတော်အစိုးရ၏ လုပ်ငန်းစဉ်အဖြစ် နည်းပညာပံ့ပိုးမှုများပေးခြင်းအပြင်
ကျောင်းနေအရွယ်ကလေးများကျောင်းမနေနိုင်ပါက ကျောင်းပြင်ပပညာရေးအဖြစ်
သင်ကြားပေးခြင်းတို့ကို ဆောင်ရွက်လျက်ရှိကြောင်းသိရသည်။
- The Myawady Daily










