နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်သည် စက်တင်ဘာလ ၁၈ ရက်နေ့က အမေရိကန်နိုင်ငံ၊
ဘော်စတွန် မြို့ရှိ Harvard University, Science Centre ၌ ကျင်းပခဲ့သော Harvard Foundation မှ
ချီးမြှင့်သည့်ဆုချီးမြှင့်ပွဲအခမ်းအနားတွင် Harvard Foundation 2016 Human -itarian of the
YearAward ဆုကို လက်ခံရယူခဲ့ကြောင်း နိုင်ငံတော်အတိုင်ပင် ခံပုဂ္ဂိုလ်ရုံး၏ လူမှုကွန်ရက်စာမျက်နှာတွင်
စက်တင်ဘာလ ၁၈ ရက်နေ့က ဖော်ပြထားသည်။
အခမ်းအနားတွင် Harvard Foundation ဒါရိုက်တာ Dr. S. Allen. Counter က 2016 Humanita rian
of the Year ဆုကို နိုင်ငံတော် ၏ အတိုင်ပင်ခံပုဂ္ဂိုလ်အား ချီးမြှင့်ပေးအပ်ခဲ့ပြီး နိုင်ငံတော်၏ အတိုင်ပင်ခံ
ပုဂ္ဂိုလ်က အမှာစကားပြောကြားခဲ့သည်။
အခမ်းအနားအပြီးတွင် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်သည် ထူးချွန်ကျောင်းသူကျောင်းသားများနှင့်
တွေ့ဆုံခဲ့ပြီး နိုင်ငံတော် ၏အတိုင်ပင်ခံပုဂ္ဂိုလ်အား ဂုဏ်ပြုညစာစားပွဲဖြင့် တည်ခင်းဧည့်ခံခဲ့ကြောင်း
သိရသည်။










