အင်းလေးနှင့် ပုဂံရှေးဟောင်းယဉ်ကျေးမှုနယ်မြေ၌ အစားအသောက် သန့်ရှင်းမှုအာမခံ အသိအမှတ်ပြုလက်မှတ် စတင်ထုတ်ပေးမည်

အင်းလေးနှင့် ပုဂံရှေးဟောင်းယဉ်ကျေးမှုနယ်မြေ၌ အစားအသောက် သန့်ရှင်းမှုအာမခံ အသိအမှတ်ပြုလက်မှတ် စတင်ထုတ်ပေးမည်

နိုင်ငံခြားခရီးသွား ဧည့်သည်များလာရောက်လည်ပတ်မှုများပြားသည့် အင်းလေးနှင့် ပုဂံရှေးဟောင်း
ယဉ်ကျေးမှုနယ်မြေရှိ စားသောက်ဆိုင်များ၌ အရည်အသွေးနှင့် အစားအသောက်သန့်ရှင်းမှုအာမခံ
အသိအမှတ်ပြုလက်မှတ်ကို မကြာမီစတင်ထုတ်ပေးသွားမည်ဖြစ်ကြောင်းမြန်မာနိုင်ငံ စားသောက်ဆိုင်
လုပ်ငန်းရှင်များအသင်းဥက္ကဋ္ဌ ဒေါက်တာနေလင်း၏ ပြောကြားချက်ကို ကိုးကားကာ မြဝတီ သတင်း
တစ်ရပ်တွင် စက်တင်ဘာလ ၂၀ ရက်နေ့တွင် ဖော်ပြထားသည်။ 

နိုင်ငံခြားခရီးသွား ဧည့်သည်များလာရောက်လည်ပတ်မှုများပြားသည့် အင်းလေးနှင့် ပုဂံရှေးဟောင်း
ယဉ်ကျေးမှုနယ်မြေရှိ စားသောက်ဆိုင်များ၌ အရည်အသွေးနှင့် အစားအသောက်သန့်ရှင်းမှုအာမခံ
အသိအမှတ်ပြုလက်မှတ်ကို မကြာမီစတင်ထုတ်ပေးသွားမည်ဖြစ်ကြောင်းမြန်မာနိုင်ငံ စားသောက်ဆိုင်
လုပ်ငန်းရှင်များအသင်းဥက္ကဋ္ဌ ဒေါက်တာနေလင်းထံမှ သိရသည်။

လက်ရှိတွင် မြန်မာနိုင်ငံ စားသောက်ဆိုင်လုပ်ငန်းရှင်များအသင်းက စားသောက်ဆိုင်များ
လိုက်နာရမည့် အချက်အလက်များကို ဥပဒေပညာရှင်များနှင့် ကျွမ်းကျင်ပညာရှင်များ၏
အကူအညီရယူကာ ရေးဆွဲလျက်ရှိပြီး စားသောက်ဆိုင်များ၌ FDA အသိအမှတ်ပြုကုန်ပစ္စည်းများနှင့်
လတ်ဆတ်သော သစ်သီးဝလံများကို အသုံးပြုရေး၊ ဝန်ထမ်းများကျွမ်းကျင်မှုရှိရေး၊
အစားအသောက်များသိုလှောင်ရေးနှင့် သန့်ရှင်းသောအစားအသောက်များချက်ပြုတ်ရေးစသည့်
အချက်အလက်များကို ထည့်သွင်းရေးဆွဲထားသည်ဟု ဆိုသည်။

စည်းကမ်းချက်များ ထွက်ရှိလာပါက စားသောက်ဆိုင်လုပ်ငန်းရှင်များအား အသိပေးကာ
သတ်မှတ်ချက်နှင့် ကိုက်ညီသည့် စားသောက်ဆိုင် ဝန်ထမ်းများကို သင်တန်းပေးပြီး အသင်း၏
အသိအမှတ်ပြု လက်မှတ်(MRA Plaque) ကို စားသောက်ဆိုင်များ၌ ထားရှိသွားမည်ဖြစ်ကြောင်း
သိရသည်။ အဆိုပါ လက်မှတ်ထုတ်ပေးမှုကို မြန်မာတစ်နိုင်ငံလုံး အတိုင်းအတာဖြင့်
လုပ်ဆောင်သွားမည်ဖြစ်ပြီး အင်းလေးနှင့် ပုဂံရှေးဟောင်းယဉ်ကျေးမှုနယ်မြေ၌
စတင်လုပ်ဆောင်သွားမည်ဖြစ်ကြောင်း သိရသည်။

The Myawady Daily