မြန်မာနိုင်ငံရှိ မွေးကင်းစမှ အရွယ်ရောက်သည်အထိ ကလေးများ၏ ဉာဏ်ရည်ဖွံ့ဖြိုးတိုးတက်ပြီး
ပိုမိုထူးချွန် ထက်မြက်စေရန် ပံ့ပိုးကူညီရာတွင် အရေးပါသည့် Play Therapy အသုံးချသင်တန်းကို
အောက်တိုဘာ ရ ရက် တွင် ရန်ကုန်မြို့၊ သိမ်ဖြူလမ်းရှိ OxfordMyanmar Medical College
(OMMC) ၌ ပထမဆုံး ဖွင့်လှစ်မည်ဖြစ်ကြောင်း ဒေါက်တာကျော်သီဟ (Operations Director
MyanmarInternational University) ၏ ပြောကြားချက်ကို ကိုးကားကာ မြဝတီသတင်းတစ်ရပ်တွင်
စက်တင်ဘာ ၂၂ ရက်က ဖော်ပြထားသည်။
အဆိုပါ သင်တန်းကို ဗြိတိန်နိုင်ငံရှိ Play Therapy Internationalနှင့် Oxford Myanmar
Medical College (OMMC) တို့ ပူးပေါင်းဖွင့်လှစ်ခြင်းဖြစ်ပြီး သင်တန်းကာလမှာ တစ်နှစ်နှင့်
ရှစ်လ ကြာမြင့်မည် ဖြစ်သည်။ သင်တန်းသားဦးရေ ၂ဝ လက်ခံမည်ဖြစ်ပြီး သင်တန်းကြေးမှာ
အမေရိကန်ဒေါ်လာ ၂၅ဝဝ သတ်မှတ်ထားကြောင်းနှင့် သင်တန်းတက်ရောက်လိုသူများသည်
တက္ကသိုလ်ဝင်တန်းအောင်မြင်ပြီးသူ Play Therapy ကို စိတ်ပါဝင်စားသူ မည်သူမဆို အသက်
အကန့်အသတ်မရှိ တက်ရောက်နိုင်သည်ဟု ဆိုသည်။
အဆိုပါ သင်တန်းကို မြန်မာနိုင်ငံ၌ ကလေးများ ဉာဏ်ရည်ဖွံ့ဖြိုးရေးအတွက် ပထမဆုံး
ဖွင့်လှစ်ပေးခြင်းဖြစ်ပြီး ကလေးမိဘများ၊ ကလေးများနှင့် ပတ်သက်သည့် လုပ်ငန်း
လုပ်ကိုင်သူများနှင့် ကလေးများကိုပြုစုစောင့်ရှောက်သည့် သူနာပြုများအနေဖြင့် တက်ရောက်ရန်
လိုအပ်ကြောင်း သိရသည်။
အဆိုပါသင်တန်းကို တက်ရောက်လိုပါက အမှတ်(၇ဝ/ ဗ)၊ ဖိုးစိန်လမ်းနှင့် နတ်မောက်လမ်း
သစ်ထောင့်ရှိ MyanmarInternational University နှင့် အမှတ် (၃၅၁/၃၅၅)၊ သိမ်ဖြူလမ်း၊
ဗိုလ်မင်းရောင်မီးပွိုင့်ရှိ Oxford Myanmar Medical College၊ ဖုန်း- ဝ၉- ၃ဝဝ၇ ၁၇ဝ၃ တို့သို့
ဆက်သွယ်စုံစမ်းနိုင်ကြောင်း သိရသည်။
The Myawady Daily









