သက်ဆိုင်ရာဘဏ္ဍာရေးနှစ်အလိုက် တောင်သူလယ်သမားများအတွက် လိုအပ်သောရာသီ
အလိုက် စိုက်ပျိုးစရိတ်ချေးငွေများကိုမြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်မှတစ်ဆင့် မြန်မာ့စီးပွားရေး
ဘဏ်က တောင်သူလယ်သမားများထံသို့ အချိန်မီထုတ်ချေးပေးလျက်ရှိကြောင်း
ပြန်ကြားရေးဝန်ကြီးဌာန၏ လူမှုကွန်ရက်စာမျက်နှာတွင် စက်တင်ဘာ ၂၂ ရက်က
ဖော်ပြထားသည်။
၂၀၁၆-၂၀၁၇ ဘဏ္ဍာရေးနှစ်တွင် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်မှ အဆိုပြုတင်ပြလာသော
စိုက်ပျိုး စရိတ်ချေးငွေ ကျပ် ကျပ်၁၇၀၀ ဘီလီယံကို ပြည်ထောင်စုလွှတ်တော်၏ အတည်ပြုချက်အရ
မြန်မာ့ စီးပွားရေးဘဏ်မှ ငွေ ၁၂၀၀ ဘီလီယံ၊ မြန်မာနိုင်ငံတော်ဗဟိုဘဏ်မှ ကျပ်ငွေကျပ်
၅၀၀ ဘီလီယံ ထုတ်ချေးရန် စီစဉ်ဆောင်ရွက်ခဲ့ခြင်းဖြစ်သည်။ မြန်မာနိုင်ငံတော်ဗဟိုဘဏ်မှ
ငွေကျပ် ၅၀၀ ဘီလီယံ ထုတ်ချေးရန်စီစဉ်ခဲ့ခြင်းမှာလည်း မြန်မာနိုင်ငံတော်ဗဟိုဘဏ်ဥပဒေ
ပုဒ်မ ၉၁ အရ ဗဟိုဘဏ်သည် ပြည်ထောင်စုလွှတ်တော်၏ ခွင့်ပြုချက်ဖြင့်
အစိုးရအဖွဲ့သို့ ချေးငွေထုတ်ချေးနိုင်သည်ဟု ပြဋ္ဌာန်းချက် အရမြန်မာ့စီးပွားရေးဘဏ်တွင်
ငွေလက်ကျန်လုံလောက်မှုမရှိပါက ထုတ်ချေးနိုင်ရန်အတွက် ပြည်ထောင်စုလွှတ်တော်၏
ခွင့်ပြုချက်ရယူထားခြင်းသာ ဖြစ်သည်ဟု ဆိုသည်။
သို့ရာတွင် ၂၀၁၆-၂၀၁၇ ဘဏ္ဍာရေးနှစ်တွင် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်သို့ မိုးရာသီ
စိုက်ပျိုးစရိတ် ချေးငွေ ကျပ် ၁၄၂၁ ဒသမ ၃၉ ဘီလီယံကို ထုတ်ချေးရန် မြန်မာ့စီးပွားရေး
ဘဏ်၏ လက်ကျန်ငွေ လုံလောက်သဖြင့် မြန်မာနိုင်ငံတော်ဗဟိုဘဏ်မှ ချေးငွေရယူခြင်း
မပြုဘဲ မြန်မာ့စီးပွားရေးဘဏ်မှ ထုတ်ချေးပေးပြီးဖြစ်သော်လည်း ယခု၂၀၁၆-၂၀၁၇
ဘဏ္ဍာရေးနှစ် ထပ်ဆောင်းချေးငွေ ကျပ် ၂၂၉ ဒသမ ၂၉ ဘီလီယံကို ထုတ်ချေးရန်အတွက်
မြန်မာ့စီးပွားရေးဘဏ်၏ လက်ကျန်ငွေ လုံလောက်မှုရှိသဖြင့် မြန်မာနိုင်ငံတော်ဗဟိုဘဏ်ထံမှ
ချေးငွေရယူခြင်းမပြုဘဲ တောင်သူလယ်သမားများလက်ဝယ်သို့ မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်မှ
တစ်ဆင့် အချိန်မီထုတ်ချေးရန် စီစဉ်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
MOI Webportal Myanmar









