သတ်မှတ်အမြန်နှုန်းထက် ကျော်လွန်မောင်းနှင်သော မော်တော်ယာဉ်များအား ညပိုင်းစတင်ဖမ်းဆီး

သတ်မှတ်အမြန်နှုန်းထက် ကျော်လွန်မောင်းနှင်သော မော်တော်ယာဉ်များအား ညပိုင်းစတင်ဖမ်းဆီး

ရန်ကုန်-မန္တလေးအမြန်လမ်းမကြီးတွင် စက်တင်ဘာ ၁ ရက်မှ သတ်မှတ်အမြန်နှုန်းထက်
ကျော်လွန်မောင်းနှင်သော မော်တော် ယာဉ်များအား အမြန်နှုန်းတိုင်းကိရိယာဖြင့်
နံနက် ရ နာရီမှ ညနေ ၅ နာရီအထိ ဖမ်းဆီးရုံသာမက ယခုအခါ ညပိုင်းပါ ဖမ်းဆီးလျက်
ရှိကြောင်း ပြန်ကြားရေးဝန်ကြီးဌာန၏ လူမှုကွန်ရက်စာမျက်နှာတွင် စက်တင်ဘာ ၂၃ ရက်က
ဖော်ပြထားသည်။

ဤကဲ့သို့ ဖမ်းဆီးအရေးယူလျက်ရှိရာ မိုင်တိုင်အမှတ် ၂၀၁ မိုင် နေပြည်တော်တိုးဂိ်တ်တွင်
ဒုတပ်ဖွဲ့မှူး ဒုရဲမှူးကြီးစိုးမြင့်ဦး ဦးစီး၍ ဖမ်းဆီးဆောင်ရွက်ခဲ့ရာ စက်တင်ဘာ ၂၂ ရက်တွင်
မော်တော် ယာဉ် ၃၂ စီး ကိုလည်းကောင်း၊ အမှတ်(၃)လမ်းဆုံ အမြန်လမ်း မကြီးရဲစခန်းမှ
ရဲအုပ်အောင်သင်းဦးနှင့် အဖွဲ့မှ ၁၆ စီးကိုလည်း ကောင်း ဖမ်းဆီးအရေးယူနိုင်ခဲ့ကြောင်း
အမြန်လမ်းရဲတပ်ဖွဲ့မှ သိရသည်။

ထိုကဲ့သို့ ဖမ်းဆီးရာတွင် ခရီးသည်တင် Express ကားများလည်း ပါ၀င်ခဲ့ပြီး
စက်တင်ဘာ ၁ ရက်မှ ၂၂ ရက် ညနေ ၅ နာရီအထိ နေပြည်တော်တိုးဂိတ်မှ
ဖမ်းဆီးယာဉ် ၆၂၃ စီး၊ အမှတ်၃ လမ်းဆုံ တိုးဂိတ်မှ ဖမ်းဆီးယာဉ် ၈၈ စီး၊
ရ၁၁ စီးဖမ်းဆီးအရေးယူခဲ့ကြောင်း ဖော်ပြထားသည်။